ပါးစပ် နဲ့ စအို အပေါက်တစ်ခုသာပါတဲ့ ချစ်စရာသတ္တဝါလေးများမှတစ်မျိုး

//s9.kh1.co/b7/b7aec8f1a5e3d8a2d540c6033bb307baae6adc80.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၆ လ က

ပါးစပ် နဲ့ စအို အပေါက်တစ်ခုသာပါတဲ့ ချစ်စရာသတ္တဝါလေးများမှတစ်မျိုး

Halitrephes အမည်ရှိဂျယ်လီငါးမျိုးစိတ်များကိုတော့သမပိုင်းနဲ့အပူပိုင်းရေပြင်နှစ်မျိုးစလုံးမှာတွေ့ရပြီး အတ္တလန္တိတ်၊အင်ဒိုပစိဖိတ်၊အန္တာတိက၊ မြေထဲပင်လယ် နဲ့အရှေ့ပစိဖိတ်သမုဒ္ဒရာဒေသတို့မှာတွေ့ရပါတယ်။ ရှားပါးပြီးလှပတဲ့ဂျယ်လီငါးမျိုးစိတ်များဖြစ်ကြကာ ပင်လယ်ရေနက်ပိုင်းအောက်ဆီဂျင်ရှားပါးတဲ့ဇုန်များမှာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ ထူးခြားတဲ့၎င်းတို့ရဲ့အသွင်ဟာ မြင်သူတကာကို စွဲဆောင်ထားနိုင်တဲ့အလှတရားတွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e2/e275e8126f3b8973009ca67914ba380dd4cce430.jpg

အလင်ရောင်နဲ့ အောက်ဆီဂျင်နည်းပါးသောရေအောက်အနက်ပေ ၄၀၀၀ မှ ၅၀၀၀ ခန့်အတွင်းနေထိုင်ကြ‌သောဂျယ်လီးငါးမျိုးစိတ်တစ်ခုဖြစ်ကာကိုယ်ပိုင်အလင်းရောင်ထုတ်လွတ်နိုင်ကြပါတယ်။ အခန္ဓာကိုယ်ဟာ မီးရှူးမီးပန်းများဖြာထွက်သကဲ့သို့ အလင်ရောင်များဖျာထွက်နေပြီး သက်ကြီးကောင်းနဲ့အကောင်ငယ် အရွယ်နှစ်ခုအကြားရှိ အလယ်အလတ်အရွယ်ရှိအကောင်အမျိုးအစား(hydrozoan)များသာဖြစ်ကြောင်းသုတေသနပြုချက်များအရသိရပါတယ်။လှပထူးခြားတဲ့ Halitrephes များဟာသားကောင်များကိုလည်းပြန်လည်အံတုနိုင်စွမ်းကြီးမားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/35/3534b9f0a16e351caac2825b3f9a070700b57ff8.jpg

ခန္ဓာကိုယ်တွင် အဆိပ်များသိမ်းဆည်းထားပြီး တွဲလျားကျနေသောကြိုးမျှင်များတွင်ပြွန်ပုံသဏ္ဍာန် အပေါက်များ ပါရှိကာထိုအပေါက်များမှတစ်ဆင့် သားကောင်များရဲ့ခန္ဓာကိုယ်အတွင်းသို့အဆိပ်များထိုသွင်းကာ ပြန်လည်တိုက်ခိုက်တတ်ပါတယ်။ခန္ဓာကိုယ် အစာခြေဖျတ်မှုပုံစံမှာလည်း အစာခြေလမ်းကြောင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းနှစ်ခုစလုံးအဖြစ်လုပ်ဆောင်ကြကာ ပါးစပ် နဲ့ စအို နှစ်ခုစလုံးအတွက် အပေါက်တစ်ခုသာပါရှိပါတယ်။ ရေနေသတ္တဝါမျိုးစိတ်များမှာမှလှပတဲ့ Halitrephes ဟာရှားပါးသတ္တဝါမျိုးစိတ်တစ်ခုဆိုလည်းမမှားပါဘူး

https://s9.kh1.co/__image/w=650,h=342,q=100/d6/d69048e3beac5e991c834c6d7ed6ca021928beed.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T