လေမှာပျံသန်းနိုင်တဲ့ ငါးမျိုးစိတ်ကိုသင်သိပါသလား?

//s9.kh1.co/17/17d2b8578c2cd7468ebc8b5923f9658594af7242.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၅ လ က

လေမှာပျံသန်းနိုင်တဲ့ ငါးမျိုးစိတ်ကိုသင်သိပါသလား?

ပူနွေးသောပင်လယ်ဒေသများမှာနေထိုင်ကြတဲ့ ငါးမျိုးစိတ်တစ်ခုဖြစ်တဲ့ Flying fishဟာ ပင်လယ်သမုဒ္ဒရာရဲ့ အပေါ်ဆုံးအလွှာ၊မျက်နှာပြင်အောက်ပေ ၆၅၆ ပေအနက်မှာတွေ့ရတဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ မျိုးစိတ်ပေါင်း ၆၄ မျိုးခန့်ရှိကာ မျိုးခွဲပေါင်း ၇ မျိုးခန့်ဖြင့်ဖွဲ့စည်းထားတဲ့အုပ်စုတစ်ခုဖြစ်ပြီး အခြားငါးမျိုးစိတ်များနဲ့မတူဘဲ လေမှာပျံဝဲနိုင်ကြတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ထိုငါးတွေပျံသန်းနိုင်ကြခြင်းမှာ ငှက်မျိုးစိတ်များကဲ့သို့အတောင်ပံများပါရှိခြင်းကြောင့်လားဆိုတာတော့တွေးတောစရာပါပဲ

https://s9.kh1.co/__image/w=650,h=342,q=100/6d/6d491f1d8f3585af8cdbef11514f513bdfd3528c.jpg

သို့ပေမဲ့ ထိုပျံသန်းနိုင်တဲ့အရာများဟာအတောင်ပံများမဟုတ်ဘဲ အတောင်ပံသဖွယ်စွမ်းဆောင်နိုင်တဲ့ ရေယက်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါရေယက်ဟာ ငါးများကိုရေပေါ်  ၄ ပေခန့်အထိခုန်ပျံနိုင်ပြီး တစ်ခါခုန်ပါက အကွာအဝေး ၆၅၀ ခန့်ရောက်သည်အထိလေဟုန်စီးနိုင်ကြောင်းလည်းသိရပါတယ်။ ထူးခြားတဲ့ဒီငါးတွေဟာလေထဲတွင်ပင်ဝေးကွာသောအကွာအဝေးကိုလေဟုန်စီးနိုင်သည်မဟုတ်ဘဲ ရေအောက်တွင်လည်း တစ်နာရီလျှင်မိုင်ပေါင်း ၃၇ မိုင်အထိကူးခတ်နိုင်ကြတဲ့ဖျတ်လတ်တဲ့သတ္တဝါများသာဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/66/66f2924a022512f11669963df6621e9457e0ccb9.jpg

ထူးခြားတဲ့အတာင်ပံများ ဟာလေပေါ် ပျံချိန်မှာခန္ဓာကိုယ်မှဖြာထွက်လာပြီး ရေကူးချိန်မှာတော့ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေးစွာ ပြည်လည်သိမ်းထားနိုင်ကြပါတယ်။ လေ့လာသူတို့စောင့်ကြည့်မှတ်တမ်းတင်ထား သောမှတ်တမ်းများအရ ၎င်းတို့ရဲ့ ပျံသန်းချိန် ဟာလည်း ၄၅ စက္ကန့်အထိသာကြာမြင့်ကြောင်းသိရပါတယ်။ အချို့သောမှတ်တမ်းများမှာ အဆိုပါငါးများရဲ့လေဟုန်စီးနိုင်တဲ့ခရီးအကွာအဝေးဟာ ပေးပေါင်း ၁၃၀၀ ကျော် အထိဝေးကွာကြောင်းမှတ်တမ်းတင်ထားမှုများလည်းရှိနေပါတယ်။Flying fish ဟာလေပေါ် ပျံသန်းချိန်မှာတော့ တစ်ခါတစ်ရံပင်လယ်ငှက်တွေရဲ့သားကောင်ဖြစ်သွားတတ်ပြန်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/98/9875332cffbb0b85e3407769e55f2663705eb0bd.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T