ဘုရင်များပင်နှစ်သက်သောသားမွေးကိုပိုင်ဆိုင်ထားသော Sable လေးများ

//s9.kh1.co/23/23f0ceadd55dc6133f729220f214c3291462d05e.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၇ လ က

ဘုရင်များပင်နှစ်သက်သောသားမွေးကိုပိုင်ဆိုင်ထားသော Sable လေးများ

ရုရှား၊တရုတ်နဲ့ မွန်ဂိုလီးယားနိုင်ငံ ရဲ့သစ်တော်များမှာတွေ့ရတဲ့ Sable အမည်ရနို့တိုက်သတ္တဝါငယ်လေးများဟာ ချစ်စရာကောင်းတဲ့အသွင်ကိုပိုင်ဆိုင်ထားကြပါတယ်။ သေးငယ်ပြီးထူးခြားတဲ့သတ္တဝါငယ်များဟာအခြားသတ္တဝါများထက်ပိုမိုလှပတဲ့သားမွေးကိုပိုင်ဆိုင်ထားပြီးထိုလှပတဲ့သားမွေးကြောင့်ပဲပိုမိုပြီးလူသိများလာခဲ့ခြင်းလည်းဖြစ်ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/da/da2a9ab1940a0c38dc218beffae9f5dd063c62f1.jpg

အဓိကအားဖြင့်အသံနဲ့အနံ့ကို အာရုံခံတတ်ကြပြီး ထက်မြက်တဲ့အကြားအာရုံကိုလည်းပိုင်ဆိုင်ထားကာ သီးသန့်နယ်မြေသတ်မှတ်နေထိုင်တတ်ကြပါတယ်။သေးငယ်တဲ့ဒီသတ္တဝါလေးများရဲ့ကိုယ်ဝန်ဆောင်ချိန်မှာလူတစ်ယောက်နီးပါးကြားမြင့်ပြီး ၈ လ မှ ၉ လအထိကြာမြင့်ကြောင်းလည်းသိရပါတယ်။ထိုမျှမက ၎င်းတို့ရဲ့မိတ်လိုက်ချိန်ဟာလည်း ၈ နာရီခန့်ကြာမြင့်ကြောင်းလေ့လာသူတို့ဆိုကြပါတယ်။ရှေးယခင်က ထိုသတ္တဝါလေးများဟာ Golden Fleece ဟူသောအမည်ဖြင့်ထင်ရှားခဲ့ကြောင်း ၁၇ ရာစုအစောပိုင်းမှာ ရုရှား မှသံတမန်တစ်ဦးမှဖော်ပြခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/3f/3fccc18f9485a89a6e0d103b7d923a2ef86e36c1.jpg

Sable ရဲ့သားမွေးများဟာ သားမွေးရောင်းဝယ်ရေးမှာအလွန်တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်ပြီး ယခုအချိန်မှသာ ထင်ရှားခဲ့ခြင်းတော့မဟုတ်ပါဘူး။ အထူးအားဖြင့်ပြင်သစ်၊အင်္ဂလန်၊ရုရှားတို့မှမူးမတ်များ၊ ဘုရင်များမှအထူးအလေး ထားဝယ်ယူမှုများရှိခဲ့ပြီး Henry VIII လက်ထက်မှာ Sable ရဲ့သားမွေးဝတ်ရုံများကို viscount (စတုတ္ထ )အဆင့်ထက်ကျော်လွန်သောမူးမတ်များသာဝတ်ဆင်ရန်အထိအမိန့်ထုတ်ပြန်မှုများရှိခဲ့ပါတယ်။ ထို့အပြင် Byzantine မှပရောဟိတ်များမှလည်း၎င်းတို့ရဲ့ထုံးတမ်းစဉ်လာများအရ Sable သားမွေးဝတ်စုံများကိုဝတ်ဆင်လေ့ရှိကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/53/53e3a89ecdcb628f4183d99f85e89519e36862cb.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T