Camel spiders တွေဟာတကယ်ပဲကုလားအုပ်တွေရဲ့ အစာအိမ်အတွင်းမှာဥတွေဥကြတာလား?

//s9.kh1.co/94/94d7da9be2ad9c3701a3039301d7badac389ecfd.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဖေ-၂၀၂၄ ၉am · လွန်ခဲ့သော ၅ လ က

Camel spiders တွေဟာတကယ်ပဲကုလားအုပ်တွေရဲ့ အစာအိမ်အတွင်းမှာဥတွေဥကြတာလား?

Solifugaeအမည်ရပင့်ကူမျိုးစိတ်တွေဟာ Camel spiders, wind scorpions, sun spidersစသည့်အမည်များနဲ့ထင်ရှားပြီးကြီးမားတဲ့ပင့်ကူမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။မျိုးအစိတ်ပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး မျိုးခွဲပေါင်း ၁၄၇ မျိုးရှိကာခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက်ကြပြီးမြေပြင်မှာနေထိုင်ကြတဲ့သတ္တဝါတွေဖြစ်ကြပါတယ်။ ကြီးမားတဲ့ Camel spiders များဟာ၎င်းတို့ရဲ့ကြီးမားတဲ့အသွင်နဲ့ လူတို့သိထားသော ပေါက်ဖွားမှုပုံစံကြောင့်လူသိများထင်ရှားပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/f9/f9ff5817fd674a75e65020fb2259c94e28282e46.jpg

လူအများပြောသောပါးစပ်ရာဇဝင်မှာတော့ ကြီးမားတဲ့ Camel spiders များဟာ ၎င်းတို့ရဲ့ ဥတွေကိုကုလားအုပ်တွေရဲ့အစာအိမ်ထဲမှာဥတွေကိုဥထားကြောင်းဆိုပါတယ်။သို့ပေမဲ့ ထိုသို့မဟုတ်ဘဲ ကုလားအုပ်ပင့်ကူများဟာ မြေတွင် တွင်းတူးကာဥဥတတ်ကြပြီးအသိုက်တစ်ခုမှာဥပေါင်း ၅၀ မှ ၂၀၀ ခန့်အထိဥတတ်ကာသားမပေါက်မချင်းပင်တွင်းအောင်းနေတတ်ပါတယ်။ထိုသို့၎င်းတို့ရဲ့ ဥကိုစောင့်ရှောက်နေချိန်တွင်လည်းအစာအတွက်၎င်းတို့ခန္ဓာကိုယ်မှာသိုလှောင်ထားသောအဆီကိုအသုံးပြုကြကြောင်းလေ့လာသူတို့ဆိုပါတယ်။ အဆိုပါကုလားအုပ်ပင့်ကူများဟာ ၎င်းတို့ရဲ့ကြီးမားကာရန်လိုနေသောအင်တာနက်ပုံများကြောင့် သွေးစာနေသောသတ္တဝါများအဖြစ် လူတွေရဲ့အာရုံစိုက်ခံရမှုလဲမြင့်မားလာခဲ့ပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/fa/fa52b673647f9805dbb7562bcaf709bb225b31e6.jpg

သို့သော်၎င်းတို့ရဲ့အင်တာနက်ပုံများဟာ ကင်မရာလှည့်စားထားသောပုံများသာဖြစ်ပြီး ပုံမှန်အရွယ်အစားထက်များစွာကြီးမားနေပါကာ အရွယ်အစားအားဖြင့် ၆ လက်မခန့်အထိသာကြီးမားကြပါတယ်။အန္တာတိက နဲ့ ဩစတေးလျမှလွဲပြီး ကျန်တိုက်ကြီးအားလုံးရဲ့ ပူနွေးတဲ့ကန္တာရများမှာနေထိုင်တတ်ပြီး အဆိပ်အနည်း ငယ်တော့ရှိပါတယ်။သို့ပေမဲ့၎င်းတို့ရဲ့အဆိပ်ဟာလူကိုနာကျင်မှုကိုဖြစ်ပေါ်စေပြီးအသက်အန္တရာယ်မရှိဘဲ အင်းဆက်များ၊ကြွက်များ၊အိမ်မြောင်များ၊ငှက်များအတွက်တော့သေစေနိုင်ကြောင်းလည်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/98/98e5220bb45007d366487ca4bfb7edfede2cfced.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T