ပျံသန်းနိုင်ခြင်းလုံးဝမရှိသော ပင်လယ်ငှက်များ

//s9.kh1.co/d1/d1b87baa38151c44086b6ba7a12524585b69d08c.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၇ လ က

ပျံသန်းနိုင်ခြင်းလုံးဝမရှိသော ပင်လယ်ငှက်များ

Galapagos ကျွန်းစုဟာထူးခြားတဲ့ ဇီဝမျိုးစုံမျိုးကွဲများနဲ့ပြည့်နေတဲ့ကျွန်းတစ်ခုဖြစ်သလိုရှားပါးမျိုးစိတ်များစွာကိုလည်းဒီကျွန်းကြီးပေါ်မှာတွေ့နေရပါတယ်။ဒီသတ္တဝါတွေထဲမှာFlightless  Cormorant လို့ခေါ်တဲ့ မပျံသန်းနိုင်တဲ့ ပင်လယ်ငှက်များလည်းပါဝင် ပါတယ်။နာမည်နဲ့လိုက်ဖက်စွာအခြားငှက်မျိုးစိတ်များကဲ့သို့ပြန်သန်းနိုင်ခြင်းမရှိဘဲမြေ‌ပေါ်နဲ့ပင်လယ်ထဲမှာပဲအချိန်ကုန်ဆုံးကြတဲ့ပင်လယ်ငှက်များပဲဖြစ်ကြပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/db/db9a84ec74d5da95c8b12a79c3676d4602a88f3a.jpg

ရေပေါ် မှာအုပ်စုလိုက်ကျက်စားလေ့ရှိကြပြီး အချိန်အများစုကိုရေငုပ်ခြင်းဖြင့်ကုန်ဆုံးကြပါတယ်။ ငါး၊ရေဘဝဲနဲ့ အခြားသတ္တဝါငယ်များကိုရှာဖွေကာဖမ်းယူစားသောက်တတ်ကြပြီးရေအောက်ပေ ၂၀၀ ခန့်၊ ပင်လယ်ကြမ်းပြင်အနီးအထိကျက်စားနိုင်ကြပါတယ်။ ငှက်မျိုးစိတ်ဝင်များဖြစ်ကြသော်လည်း ငှက်မွေးများမှာ အခြားငှက်မျိုးစိတ်များထက်ပိုမိုထူထည်းကာပျော့ပြောင်းပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/e2/e29666f006fe77c7935355e6aef4fc6b6ccbc056.jpg

ထူးထဲသောအမွေးအတောင်များမှာပိတ်မိနေသောလေများဟာ၎င်းငှက်များကို ရေနစ်မြုပ်ခြင်းမရှိစေရန် ကူညီပေးကြသော်လည်းငှက်မွေးများဟာရေစိုခံနိုင်ခြင်း တော့မရှိပါဘူး။ ခန္ဓာကိုယ်အရွယ်အစားရဲ့သုံးပုံတစ်ပုံခန့်သာရှိတဲ့အတောင်ပံများကိုသာ ပိုင်ဆိုင်ထားသောကြောင့်ပျံသန်းနိုင်ခြင်းမရှိကြပါဘူး။ ပျံသန်းနိုင်ခြင်းဆုံးရှုံးထားသောငှက်များဟု လူသိများသော Flightless  Cormorant ကိုသိပ္ပံ ပညာရှင်များက ငှက် များဟာ ၎င်းတို့ရဲ့အတောင်ပံများကိုမလိုအပ်သောကြောင့်ဖွံ့ဖြိုးမှုမရှိတော့ဘဲ ငယ်သွားကြောင်းသိရပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/1a/1ac93d5be571cac1e61f1b6139f258b55e0325f8.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T