မျက်လုံးကွယ်တော့မယ့် ဆိုက်ကားဆရာဦးလေးကြီးကို ခွဲစိတ်ကုသဖို့ စရိတ်လှူတန်း ပေးခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/06/06df74ec2b1f25309380d54802ca6a66bf5a78b9.jpg
အနုပညာရှင်များ

 ၁၈-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

၂ လ အတွင်းမှာသာ မျက်စိ မခွဲစိတ်ရင် လုံးဝကို ကွယ်သွားတော့မှာတဲ့ ....

ဂီတလောကမှာ အချစ်သီချင်းကောင်းလေးတွေကို သီဆိုတတ်ပြီး ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာကိုအပြည့်အဝရရှိထားတဲ့ တေးသံရှင်ကတော့ ချယ်ရီသင်းပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ချယ်ရီသင်းကတော့ အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းတတ်တဲ့ အကျင့်လေးကြောင့် ပရိသတ်က လေးစားပြီး အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc

ချယ်ရီသင်းက (၁၆)ရက်နေ့လေးမှာလည်း မွန်မြတ်လှတဲ့ အလှူလေးတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မျက်လုံးကွယ်တော့မယ့် ဆိုက်ကားဆရာဦးလေးကြီးကို ခွဲစိတ်ကုသဖို့ ဆေးကုသစရိတ် လှူတန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးလေးကြီးက (၂)လအတွင်းမှာသာ မျက်စိခွဲစိပ်မှု မလုပ်ဘူးဆိုရင် မျက်စိလုံးဝ ကွယ်သွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc

လှူဖြစ်ခဲ့တဲ့ အကြောင်းလေးကို " #အရမ်းဝမ်းနည်းပြီးငိုခဲ့ရတဲ့နေ့

#ဒီ၂လလောက်အတွင်းသာမျက်စိမခွဲစိပ်ရင်

#လုံးဝကွယ်သွားမယ့်အခြေနေဖြစ်နေတဲ့ဆိုက်ကားဆရာဦးလေးကြီးကိုမျက်စိခွဲစိပ်ဖို့အတွက်ရယ်

-ချမ်းမြသုခအကြင်နာလက်များဘိုးဘွားရိပ်သာကအဖိုးအဖွါးများအတွက်ရယ်

-မန္တလေး ၆၂လမ်း၁၁လမ်းထောင့်ကပန်းချီဆွဲရင်းဝမ်းရေးရှာနေရတဲ့အဖိုးအတွက်ရယ်

-အဆင်မပြေလို့ဘုရားထဲမှာနေနေရတဲ့အဖိုးအဖွါးစုံတွဲအတွက်ရယ်လှူဖြစ်ခဲ့ပါတယ်

Photo Credit : Cherry Thin's FB Acc
Photo Credit : Cherry Thin's FB Acc

#ဒီ အလှူလေးဖြစ်မြောက်ခဲ့တာကတော့ ထိုင်းနိူင်ငံက

#အစ်မ မသဲသဲကသူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ အဆင်မပြေတဲ့အဖိုးအဖွါးတွေကိုလှူဖို့တိုင်ပင်ရင်းနှစ်ယောက်သား

ပေါင်းပြီးကုသိုလ်လေးလုပ်ဖြစ်သွားပါတယ်

Photo Credit : Cherry Thin's FB Acc 
Photo Credit : Cherry Thin's FB Acc 

-မမလည်းဒီထက်ပိုပြီးလှူနိူင်ပါစေမမရေ??

#ထပ်ပြီးလှူဖို့ကြိုးစားဦးမယ်ကွယ်?

#လိုက်ပို့ပေးတဲ့ ဦးမျိူး(ပန်းပျိုးသူ)တို့ဇနီး မောင်နှံနဲ့ ပရဟိတမမ ကိုယ်လည်း ကျေးဇူးအထူးပါ ?" ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source : Cherry Thin's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T