Exhuma ရုပ်ရှင်ဟာ မထွက်ခင်ကတည်းကတောက်လျှောက်နာမည်ကြီးနေတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ရုံတင်တာ လပိုင်းကြာနေပေမဲ့အခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ရုပ်ရှင်ပါ။ နာမည်ကြီးမင်းသားမင်းသမီးတွေပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်ထူးခြားဆန်းကြယ်တာကြောင့် နာမည်ကြီးနေပြီး နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာပါ ပြသဖို့ဖိတ်ကြားခံနေရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=650,h=975,q=100/f0/f09936ad391471fb21f7dbaf80a61d6902e54be4.jpg](https://s9.kh1.co/__image/w=650,h=975,q=100/f0/f09936ad391471fb21f7dbaf80a61d6902e54be4.jpg)
ဒီနှစ် Baeksang Art Award ဆုပေးပွဲမှာလည်း Exhuma ဟာ ဆန်ကာတင်နေရာ ၈ နေရာတိတိပါဝင်နေပြီးတော့ အဓိကဇာတ်ဆောင်လေးယောက်လုံး ပါဝင်လာတာဖြစ်ပါတယ်။ ရုပ်ရှင်ဟာအခုချိန်ထိရုံမချရသေးတဲ့အပြင် နိုင်ငံအနှံ့မှာ စံချိန်တင်ဝင်ငွေတွေလည်း ဆက်တိုက်ရနေတာဖြစ်ပါတယ်။ ဆန်ကာတင်ပါဝင်နေတဲ့ နေရာတွေကိုဖော်ပြပေးသွားပါမယ်။
![https://s9.kh1.co/__image/w=530,h=757,q=100/bf/bf0f574238161cf9419fbcaacada6800a8294b45.jpg](https://s9.kh1.co/__image/w=530,h=757,q=100/bf/bf0f574238161cf9419fbcaacada6800a8294b45.jpg)
Best Film (Exhuma) Best Actor (Choi Min Sik) Best Actress ( Kim Go eun) Best Director ( Jang JaeHyun) Best Screenplay ( Jang Jaehyun) Best Supporting Actor ( Yoo Haijin) Best New Actor ( Lee Do Hyun) Technical Award ( Kim Byun Gin) တို့ဖြစ်ပါတယ်။ ဒီဆန်ကာတင်ဆုတွေထဲမှာ Exhuma အနေနှင့် ဘယ်နှဆုကိုသိမ်းပိုက်သွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
![https://s9.kh1.co/__image/w=650,h=365,q=100/ac/aca486c3e6421a2967013bce261e5d39acfab263.jpg](https://s9.kh1.co/__image/w=650,h=365,q=100/ac/aca486c3e6421a2967013bce261e5d39acfab263.jpg)