Lovely Runner Drama ဟာ သဘောကျရတဲ့ အိုင်ဒေါရဲ့ကွယ်လွန်သွားမှုကို အချိန်ခရီးသွားရင်းပြန်အဖတ်ဆယ်ဖို့ကြိုးစားမယ့် ပရိတ်သတ်စစ်စစ်တစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒရာမာဟာ မင်းသား ဗြောင်ဝူးဆော့နှင့် မင်းသမီးကင်ဟယ်ယွန်းတို့ပါဝင်ရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသားရဲ့ပထမဆုံးခေါင်းဆောင်မင်းသားဇာတ်လမ်းလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာဟာ Webtoon ကိုအမှီပြုပြီးတော့ အဆင်ပြေအောင်ပြန်ပြင်ဆင်ထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် တစ်ကယ့်အပြင်ကအိုင်ဒေါတစ်ယောက်နှင့်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။ Shinee အဖွဲ့ဝင် Jonghyun ရဲ့ကွယ်လွန်မှုနှင့်တိုက်ဆိုင်တာတွေရှိနေတာကြောင့် ဒီဒရာမာဟာ ကေပေါ့ပရိတ်သတ်တွေအပြစ်တင်တာကိုခံနေရတာဖြစ်ပါတယ်။

ဒရာမာထုတ်လုပ်ရေးဖက်ကနေတော့ သူတို့အနေနှင့်ဇာတ်လမ်းကို တစ်စုံတစ်ဦးကိုရည်ရွယ်ထားတာမျိုးမရှိဘဲ ပရိတ်သတ်တွေထောက်ပြတာတွေကလည်း တိုက်ဆိုင်မှုတွေသာဖြစ်ကြောင်းဖြေရှင်းထားပါတယ်။ ဒရာမာထုတ်လွှင့်ရက်က ဂျောင်ဟွန်း ရဲ့မွေးနေ့ဖြစ်နေတာကလည်း ရုပ်သံလွှင့်ရုံဖက်ကနေဆုံးဖြတ်ခြင်းဖြစ်တာကြောင့် သူတို့အနေနှင့် ဘာမှမတတ်နိုင်ကြောင်းဖြေရှင်းခဲ့ပါတယ်။
