Twice အဖွဲ့ဝင် Chaeyoung နှင့် Zion.T တို့ရဲ့ ဒိတ်တင်းသတင်း

//s9.kh1.co/a6/a6db591b17e69d4eb0118b3422a681a6c925180f.jpg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ လ က

Twice အဖွဲ့ဝင် Chaeyoung နှင့် Zion.T တို့ရဲ့ ဒိတ်တင်းသတင်း

တောင်ကိုးရီးယားရဲ့နာမည်ကြီးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ Twice ရဲ့အဖွဲ့ဝင် Chaeyoung ဟာ တစ်ကိုယ်တော်နာမည်ကြီးအဆိုတော်နှင့်တေးရေးဖြစ်တဲ့  Zion.T နှင့် တွဲနေကြပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းကို  X Portnews သတင်းဌာနကဖော်ထုတ်ခဲ့တာဖြစ်ပြီးတော့ Xportnews ဟာမကြာသေးခင်တုန်းကမှ Twice အဖွဲ့ဝင်ဂျီဟိုရဲ့ဒိတ်တင်းသတင်းကိုလည်း ထုတ်ပြန်ခဲ့တဲ့ သတင်းဌာနဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/2d/2d97616ab02ebf56457e60e84e6ed1c0108e773e.jpg

သတင်းဌာနရဲ့ဖော်ပြချက်အရ နှစ်ယောက်သားက အသိတွေကနေတစ်ဆင့်ခင်မင်သွားတာဖြစ်ပြီးတော့ တွဲနေတာ ခြောက်လတောင်ကြာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဆက်ဆံရေးကိုဖုံးကွယ်ထားတာမျိုးမလုပ်ဘဲ ဆိုးလ်မြို့ကနာမည်ကြီးနေရာတွေမှာ အတူသွားကြလေ့ရှိတယ်လို့လည်းသိရပါတယ်။ Zion.T ဟာ တောင်ကိုးရီးယားဂီတအသိုင်းအဝိုင်းမှာ လူတွေအသိအမှတ်ပြုလက်ခံထားတဲ့ ပရိုဂျုဆာတစ်ယောက်ဖြစ်တဲ့အပြင် ဖြစ်တဲ့သီချင်းများစွာကိုလည်း ထုတ်ဝေထားပါတယ်။ 

https://s9.kh1.co/__image/w=564,h=703,q=100/2c/2c35a512ed171687dc82b8c2e9747b758a3ff623.jpg

Chaeyoung ဟာ အခုမှ ၂၄ နှစ်ပဲရှိသေးတာကြောင့် နှစ်ယောက်သားရဲ့အသက်ကွာဟမှုဟာ ၁၀ နှစ်လောက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် Zion.T ဟာ Chaeyoung ရဲ့  Ideal type ဖြစ်တယ်လို့နီးစပ်သူတွေကဆိုပါတယ်။ Chaeyoung ဟာအင်တာဗျုးတွေမှာ သူ့အနေနှင့်ပိန်ပါးပြီးတော့ အနုပညာအတွေးအခေါ်တွေအပြည့်ရှိနေတဲ့သူ သူ့ကိုသင်ပြပေးနိုင်မယ့်သူမျိုးကိုရွေးချယ်ချင်တယ်ဆိုပြီး ပြောခဲ့ဖူးတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/ed/edc8829dd27ea37e4372a31eaa2fe180e2aaaebc.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T