အရက်မူးပြီး ကားမောင်းရာမှ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ရဲတွေရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ မင်းသမီး Kim Sae Ron

//s9.kh1.co/9c/9cf4815d39a4f0dccc8766f7616c8c08bc0f9743.jpg
အနုပညာရှင်များ

 ၁၈-မေ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

လမ်းဘေးမှာရှိတဲ့ အကာအရံတွေနဲ့ သစ်ပင်တွေကို ၃ ကြိမ် ထက်မနည်းဝင်တိုက်ခဲ့တယ်တဲ့ ...

အသက် ၂၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Kim Sae-ron က အရက်မူးပြီး ကားမောင်းလို့ ရဲက ဖမ်းဆီးလိုက်ပါတယ်။ မေလ ၁၈ ရက်နေ့ ဆိုးလ်မြို့ရှိ ဂန်းနမ်ရဲစခန်းက လမ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ Kim Sae-ron ကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/c1/c141af778c01045f42a5abc1716e56df5b2e932e.png
https://s9.kh1.co/__image/w=515,h=640,q=100/5d/5d8173a8414f5ec70949affedfa00c266cf79771.png

ရဲတပ်ဖွဲရဲ့ ပြောကြားချက်အရ မင်းသမီးက မေလ ၁၈ ရက် နံနက် ၈ နာရီခန့်က Hakdong နဲ့ Gangnam လမ်းဆုံရှိ အဆောက်အဦးတစ်ခုကို ဝင်တိုက်ခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှ ရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထိခိုက်မှု ပြင်းထန်လွန်းတာကြောင့် မင်းသမီးရဲ့ ကားရှေ့ဘန်ကာလည်း ကွဲထွက်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/6a/6a029651c1ef084ea9d3770af6d4304be7fb7c68.png
https://s9.kh1.co/__image/w=650,h=414,q=100/34/344f9abb6a85d2b9bed9751432c5459b326d5d47.png

သူမကို breathalyzer test စစ်ဆေးဖိုလုပ်သော်လည်း သူမက ဆေးရုံတွင် သွေးစစ်ရန်တောင်းဆိုခဲ့တယ်လိုသိရပါတယ်။ Channel A နဲ့ Yohap တိုမှ အသေးစိတ်အချက်အလက်များအရ မင်းသမီးKim Sae Ron ဟာရဲတွေ မဖမ်းမိခင် လမ်းဘေးရှိ အကာအရံတွေနဲ့ သစ်ပင်များကို ၃ ကြိမ် ထက်မနည်းဝင်တိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/9e/9eb9a595ce4393449a4e3a73561b078670447d90.png
https://s9.kh1.co/__image/w=650,h=351,q=100/d7/d79ae90ff7ca399dd34c3d8388ab196018a77fef.png

Kim Sae-ron ဟာ ကလေးသရုပ်ဆောင်ဘဝကတည်းက နာမည်ကြီးခဲ့ပြီး လက်ရှိမှာတော့ အသက် 21 နှစ်ရှိပြီ ဖြစ်ပါတယ်။ “The Man From Nowhere” ဇာတ်ကားတွင် ပါဝင်ခဲ့ပြီးနောက် သူမက နာမည်ကြီးလာခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=485,h=550,q=100/31/3104582c559002f57206744a8ed634efbd0e0ada.png
https://s9.kh1.co/__image/w=650,h=828,q=100/82/8285f4ca6f42875ddfce81cb65538ec2b22a2a74.png

Photo Credit & Source : Kbizoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T