Taylor Swift နာမည်ပေါက်နဲ့ ကင်းနားသန်မျိုးစိတ်

//s9.kh1.co/a2/a282e82d4d24f6e7bb8464d3f598efa601bb1b39.png
အနုပညာရှင်များ

 ၁၇-မေ-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

Taylor ကတော့ အင်းဆက်တွေကြားထဲမှာပါနာမည်ကြီးနေပါပြီ

အဆိုတော် Taylor Swift ဟာအယ်ဘမ်ပေါင်းများစွာနဲ့ သီချင်းပေါင်းများစွာနဲ့ ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။အဲ့အပြင်သူမဟာထပ်ဆောင်းအနေနဲ့ အင်းဆက်ပိုးမွှားလေးတချို့ကိုပါ ပိုင်ဆိုင်သွားပါပြီ။သူမရဲ့ပရိသတ် ပိုးမွှားဗေဒပညာရှင်တစ်ယောက်က သူအသစ်တွေ့ရှိခဲ့တဲ့ ကင်းနားသန်ကောင်တချို့ကို သူမရဲ့နာမည်ကိုအစွဲပြုပြီး နာမည်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။

Nannaria Swiftae (image via Wikipedia)
Nannaria Swiftae (image via Wikipedia)

ဗာဂျီးနီးယားပြည်နယ်က Derek Hennen ဆိုသူပိုးမွှားဗေဒပညာရှင်တစ်ဦးဟာ တခြားအဖော်နှစ်ယောက်နဲ့အတူ ကင်းနားသန်မျိုးစိတ်ပေါင်း ၁၇ ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီထဲကမှ Taylor Swift ရဲ့နာမည်ပေးထားတဲ့တစ်မျိုးက ထူးခြားတဲ့ မျိုးရိုးဗီဇရော၊ခြေထောက်တွေရောရှိတဲ့တစ်မျိုးပါ။သူပေးခဲ့တဲ့နာမည်က Nannaria Swiftae ပါတဲ့၊Swift ကင်းနားသန်လို့လည်းအလွယ်ခေါ်ပါတယ်။

https://s9.kh1.co/__image/w=650,h=745,q=100/ff/ff48b6004adc0a01a049eeb9cb01bf7baf4cc649.png

ဒီလိုနာမည်ပေးရတဲ့အကြောင်းရင်းကတော့ Hennen က Taylor Swift ပရိသတ်လည်းဖြစ်လို့၊ကျေးဇူးလည်းတင်လို့လို့သိရပါတယ်။သူရဲ့ခက်ခဲတဲ့အချိန်တွေမှာ Taylor Swift သီချင်းတွေနဲ့အပန်းဖြေခဲ့ရတာကြောင့်ပါ၊အဲ့အပြင်ကင်းနားသန်တွေကိုလိုက်ရှာဖို့ ပြည်နယ်ပေါင်း ၁၇ ခုကိုခရီးထွက်တုန်းကလည်း သူမသီချင်းတွေကိုပဲ ဆက်တိုက်နားထောင်ခဲ့ပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=650,q=100/4f/4fd8373d69d9e129cf75fb27bf1f06e7034fd971.png

အဲ့ဒီကင်းနားသန်မျိုးစိတ်ကိုပထမဆုံးရှာတွေခဲ့တဲ့နေရာကလည်း Taylor Swift နဲ့ရေစက်ရှိတဲ့နေရာလို့ပြောရမလိုပါပဲ။အကောင်လေးတွေကို Tennessee က Fall Creek Falls ပြည်နယ်ပန်းခြံမှာ ပထမဆုံးရှာတွေ့ခဲ့တာဖြစ်ပြီး အဲ့နေရာဟာ Taylor Swift သူမရဲ့အနုပညာခရီးလမ်းကို ပထမဆုံးလျှောက်လှမ်းတဲ့နေရာလည်းဖြစ်ပါတယ်။

ကင်းနားသန်တွေကိုစတွေ့ရှိခဲ့တဲ့ပန်းခြံ (image via Tennessee State Park)
ကင်းနားသန်တွေကိုစတွေ့ရှိခဲ့တဲ့ပန်းခြံ (image via Tennessee State Park)

အနုပညာနယ်ပယ်မျိုးစုံမှာ နာမည်ရအောင်မြင်နေတဲ့ Taylor Swift ဟာသူနဲ့လားလားမှမသက်ဆိုင်တဲ့ နေရာတစ်ခုမှာနာမည်ထပ်ကြီးနေပြန်ပါပြီ။သီချင်းကောင်းတွေနဲ့ အမြဲတမ်းပရိသတ်ကိုဖမ်းစားနိုင်တဲ့အတွက်ကြောင့် ပရိသတ်တွေကလည်းနည်းလမ်းမျိုးစုံနဲ့ သူမကိုပြန်ပြီးကျေးဇူးတင်နေကြတာပါ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T