အမေများနေ့မှာ သမီးလေးပုံကို မျှဝေပေးပြီးဆုတောင်းစကားဆိုခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ

//s9.kh1.co/92/92795979fc6fe36bb2838ae4495ff599264fcae4.webp
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မွေးပြီးကတည်းကပထမဆုံး သမီးလေးပုံကိုချပြတာဖြစ်ပါတယ်

Priyanka Chopra နဲ့ Nick Jones တို့ဇနီးမောင်နှံဟာ သူတို့ရဲ့သမီးလေးပုံကို ပထမဆုံးအကြိမ်အဖြစ် လူမှုကွန်ရက်ပေါ်မှာတင်ခဲ့ပါတယ်။အမေများနေ့မှာ နှစ်ယောက်စလုံးရဲ့ Instagram ပေါ်မှာ သူတို့သမီးလေးပေါ်ထားတဲ့မေတ္တာတွေကို ဖွဲ့နွဲ့ထားတဲ့စာလေးတွေနဲ့ ရေးတင်ထားတာဖြစ်ပါတယ်။အဲ့အပြင် ကလေးလေးရဲ့ကျန်းမာရေးအခြေအနေကိုလည်း အသေးစိတ်နီးပါး ပြောပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/20/20f6925cebf101db86be08869d2c4fa731b58c8b.png

သူတို့ရဲ့သမီးလေးက မွေးပြီးကာစကတည်းက NICU အထူးခန်းထဲမှာရက် ၁၀၀ ကျော် နေထိုင်ခဲ့ရပြီး ခုမှအိမ်ပြန်ရောက်တာပါတဲ့။တင်ထားတဲ့ပုံကတော့ သူတို့မိသားစုသုံးယောက်ပုံဖြစ်ပြီး ကလေးလေးရဲ့မျက်နှာကိုတော့ အသဲပုံစတစ်ကာလေးနဲ့အုပ်ထားပါတယ်။

သမီးလေးအိမ်ပြန်ရောက်တဲ့အတွက် သူတို့အရမ်းပျော်ရွှင်နေကြောင်း၊မိသားစုတစ်ခုအဖြစ်နဲ့ အချိန်တွေကိုသေချာကုန်ဆုံးနေကြောင်းနဲ့ အမေများနေ့မှာတင်ထားတာဖြစ်တဲ့အတွက် သူမရဲ့အမေနဲ့အတူ ကမ္ဘာပေါ်မှာရှိသမျှအမေတွေအားလုံးအတွက် ဆု‌တောင်းစကားလေးကိုလည်းရေးသားထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/89/89880efbe70d63300f63582d6ef508f2897d41e3.png

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက သူတို့နှစ်ယောက်ဟာ အငှားကိုယ်ဝန်နဲ့ ကလေးယူမဲ့အကြောင်းကြေညာပြီး ပရိသတ်တွေကို အကြီးကြီးအံ့ဩအောင်လုပ်ခဲ့တာပါ။ပြီးခဲ့တဲ့ဧပြီလကတော့ ကလေးရဲ့နာမည်ဟာ Malti Marie ဖြစ်ကြောင်းကြေညာခဲ့ပြီး ကလေးလေးရဲ့ပုံကိုတော့ အခုမှပထမဆုံးပရိသတ်တွေဆီချပြတာဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T