ခုနှစ်နှစ်ကျိန်စာကိုမကျော်ဖြတ်နိုင်လောက်ဘူးလို့ထင်ရတဲ့ (G)I-DLE

//s9.kh1.co/68/687cdcd437dc1eafdc90878495720b7605f4a181.jpg
MPT Korea Celebrity

 ၀၉-သြ-၂၀၂၄ ၄pm · လွန်ခဲ့သော တစ်လ က

ခုနှစ်နှစ်ကျိန်စာကိုမကျော်ဖြတ်နိုင်လောက်ဘူးလို့ထင်ရတဲ့ (G)I-DLE

ကေပေါ့အိုင်ဒေါတွေလောကမှာနာမည်ကြီးတဲ့ (၇) နှစ်ကျိန်စာဆိုတာရှိပါတယ်။ အဖွဲ့တော်တော်များများဟာအဖွဲ့သက်တမ်း ၇ နှစ်ရောက်လာရင် အဖွဲ့ဆက်ဖွဲ့နိုင်ခြင်းမရှိဘဲ ကွဲပြားသွားကြလေ့ရှိပါတယ်။ အထူးသဖြင့် နာမည်ကြီးကုမ္မဏီတွေကအဖွဲ့တွေဆိုရင် အခုလိုမျိုးခုနှစ်နှစ်တာကာလကိုကျော်ဖြတ်ပြီးတော့ ဆက်ရှိသွားဖို့အတော်လေးခဲယဥ်းကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/68/682f6b8648008b87b351b744e1d7c43bfc3300d8.jpg

နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့  (G)I-DLE ဟာလက်ရှိအချိန်မှာကုမ္မဏီနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးတော့ အဖွဲ့ဝင်တွေအနေနှင့်စာချုပ်ဆက်မချုပ်ဖို့ဖြစ်နိုင်ခြေများနေပါတယ်။ အကြောင်းကတော့ အဖွဲ့ဝင်တွေတော်တော်များများဟာ ကုမ္မဏီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်အကြောင်းကိုဝမ်းသာအားရပြောကြလေ့ရှိပြီးတော့ ကိုယ်ပိုင်အလုပ်တွေကို ပိုပိုလုပ်လာတာကြောင့်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/ea/ea87ac6363e234a34374cf3fd1b52eef017aa293.jpg

ဒါပေမဲ့ အဖွဲ့အနေနှင့်တစ်ခြားအဖွဲ့တွေလိုမျိုး အဖွဲ့ကိုကုမ္မဏီနှင့်စာချုပ်ဆက်ချုပ်ပြီးတော့ တစ်ယောက်ချင်းအလုပ်အတွက် သီးသန့်အေဂျင်စီတွေရှာကြမယ့်ပုံလည်းဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့စာချုပ်ဆက်မချုပ်ဖြစ်ခဲ့ဘူးဆိုရင်  (G)I-DLE ဟာ ခုနှစ်နှစ်ကျိန်စာကိုမကျေဖျက်နိုင်တဲ့ အိုင်ဒေါအဖွဲ့တွေထဲမှာပါဝင်လာမှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T