Jimin ကိုအကြောင်းပြုပြီးပိုက်ဆံရှာဖို့ကြိုးစားနေတာကြောင့် ဝေဖန်ခံရတဲ့ Jimin ဖခင်

//s9.kh1.co/44/44fd13fff92a6e5769f92f0c60590b4efd2ed410.jpg
MPT Korea Celebrity

 ၀၇-သြ-၂၀၂၄ ၁၂pm · လွန်ခဲ့သော တစ်လ က

Jimin ကိုအကြောင်းပြုပြီးပိုက်ဆံရှာဖို့ကြိုးစားနေတာကြောင့် ဝေဖန်ခံရတဲ့ Jimin ဖခင်

Jimin ရဲ့အဖေဖြစ်သူဟာ ဘူဆန်မြို့မှာCafe ဆိုင်ဖွင့်ထားပြီးတော့ ဆိုင်အတွင်းပိုင်းဟာ BTS နှင့်ပတ်သက်တဲ့အလှဆင်မှုတွေရှိတာကြောင့်နာမည်ကြီးပါတယ်။ အထူးသဖြင့် သားဖြစ်သူ ဂျီမင်းနှင့်ဆိုင်တဲ့ အလှဆင်မှုတွေအပါအဝင် ဂျီမင်းရဲ့ ပုံရိပ်တွေလည်းရှိတာကြောင့် ဘူဆန်ရဲ့နာမည်ကြီးဆိုင်တစ်ဆိုင်အဖြစ်သတ်မှတ်ခံရတာပါ။

https://s9.kh1.co/__image/w=564,h=376,q=100/db/db62e75e4f50b72b22ff8154be4c24f930c9667e.jpg

ဒါပေမဲ့ ဂျီမင်းအဖေဟာမကြာသေးခင်က  ZMILLENIAL ဆိုတဲ့ဆိုင်နာမည်အောက်ကနေတစ်ဆင့် တွေရောင်းချလာခဲ့ပါတယ်။ ဒီထဲမှာ အဝတ်အထည်အပါအဝင် ပန်ကာ ဦးထုပ် တီရှပ် ဟူဒီ ဘောပင် စာအုပ်အပါအဝင် နေ့စဥ်သုံးပစ္စည်းတော်တော်များများပါဝင်နေတာဖြစ်ပါတယ်။ ပစ္စည်းတွေအကုန်လုံးနီးပါးဟာ ဂျီမင်းနှင့်သက်ဆိုင်တဲ့အရာတွေရှိပြီးတော့ ဈေးနှုန်းကလည်းအတော်လေးမြင့်မားနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/00/007ecbdcf491b6f4fbbd49337c8961c63dca933c.jpg

လက်ကိုင်ပန်ကာလေးတစ်ခုတောင်မှ ဒေါ်လာသုံးဆယ်လောက်ရှိနေတာကြောင့် ဒီပစ္စည်းတွေဟာအတော်လေးဈေးများတယ်လို့သတ်မှတ်နိုင်တဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျီမင်းဖခင်ဟာသူ့ရဲ့လက်မှတ်ပါဝင်တဲ့အင်္ကျီကိုပါရောင်းချခဲ့တာကြောင့် ပရိတ်သတ်တွေက အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သားဖြစ်သူကိုပိုက်ဆံရဖို့အသုံးချနေတယ်ဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T