လီဆာဟာ ဖက်ရှင်နှင့်ပတ်သတ်ပြီး အင်တာနက်မှာအမြဲတမ်းထရန်းတွေဖြစ်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ သူဝတ်စားဆင်ယင်မှုတွေအပါအဝင်သူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်တွေဟာ ပရိတ်သတ်မဟုတ်တဲ့သူတွေတောင်မှ စောင့်ကြည့်ပြီးအတုယူကြလေ့ရှိတာဖြစ်ပါတယ်။

မကြာသေးခင်ကတစ်ကိုယ်တော်သီချင်း Rockstar ကိုထုတ်လွှင့်ပြီးတော့ အီတလီမှာအနားယူနေတဲ့လီဆာဟာ ပရိတ်သတ်တွေအတွက် သူ့ရဲ့ပုံရိပ်လေးတွေကိုတင်လာခဲ့ပါတယ်။ ပုံတွေထဲမှာ လီဆာဟာရိုးရှင်းတဲ့ ဇာဝမ်းဆက်အဖြူလေးကိုဝတ်ဆင်ထားခဲ့ပါတယ်။ ဒါ့အပြင် ဝမ်းဆက်ရဲ့အင်္ကျီဟာ လက်ရှိရေပန်းစားနေတဲ့ Underboob ဒီဇိုင်းဖြစ်ပြီးတော့ တော်တော်လေးကိုဖက်ရှင်ကျနေတာဖြစ်ပါတယ်။

ပုံထဲမှာသူမကိုယ်စားလှယ်လုပ်ပေးထားတဲ့ LV Brand ရဲ့နာမည်ကြီးလက်ကိုင်အိတ်စတ်ခုကိုပါထည့်သွင်းပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီပုံတွေဟာ အင်တာနက်မှာအတော်လေးရေပန်းစားသွားပြီးတော့ Underboob Trend မှာ Lisa ကအကောင်းဆုံးဆိုတဲ့မှတ်ချက်တွေပေးနေကြတာဖြစ်ပါတယ်။