မင်းသမီးဟွမ်ဂျောင်အန်နှင့် အားကစားသမားဖြစ်တဲ့ကင်ဂျွန်ဂယူတို့ဟာ မကြာသေးခင်မှတွဲဖို့အတွက်ပြင်ဆင်နေကြကြောင်းသတင်းတွေထွက်လာတာဖြစ်ပါတယ်။ မင်းသမီးဟာ ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့ သူတို့အိမ်ထောင်ရေးဟာထူးခြားတဲ့အကြောင်းအရာတွေရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်ကလေးနှစ်ယောက်အမေဖြစ်တဲ့မင်းသမီးဟာ ကွာရှင်းဖို့အတွက်ပြင်ဆင်နေရင်း ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ကင်ဂျွန်ဂယူနှင့်အတူချစ်သူတွေအဖြစ်စတင်ဖို့ကြိုးစားနေကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနှင့်ဖောက်ပြန်တယ်ဆိုပြီးသာမာန်အမျိုးသမီးတစ်ယောက်ကိုစွပ်စွဲခဲ့တာကြောင့်လည်း မင်းသမီးဟာအတော်လေးဝေဖန်ခံခဲ့ရပါတယ်။

အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားမှာ မင်းသမီးရဲ့အချစ်ရေးသတင်းပေါ်ထွက်လာမှုဟာ ပရိတ်သတ်တွေကိုအတော်လေးစိတ်ပူစေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုချပြလိုက်ရတာကြောင့်နှစ်ဖက်လုံးဟာဖိအားတွေကိုခံစားရတယ်ဆိုတဲ့အကြောင်းပြချက်နှင့်ပဲ တွဲနေကြောင်းကြေညာပြီးနှစ်ပတ်အကြာမှာလမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။