တိုင်းရင်းသားမျိုးနွယ်စုတွေတိုင်းဟာ ထူးခြားတဲ့ကိုယ်ပိုင်အမှတ်အသားနဲ့ အသုံးအဆောင်တွေရှိကြပါတယ်။ ချင်းလူမျိုးတွေရဲ့ရိုးရာအသုံးအဆောင်တွေဟာ လုံးဝလူလုပ်လက်မှုပစ္စည်းတွေဖြစ်ပြီးတော့အတော်လေးရှားပါးတယ်လို့ ယူဆထားကြတဲ့အရာတွေဖြစ်ပါတယ်။
ပုတီးစေ့တွေနဲ့ဖန်တီးထားတဲ့လည်ဆွဲတွေဟာဆိုရင် ရှေးခေတ်ကတည်းကလက်ဆင့်ကမ်းလာကြတဲ့ရိုးရာအသုံးအဆောင်တွေဖြစ်ပါတယ်။ ဒီပုတီးတွေဟာ အရောင်စုံရှိပြီးတော့ ပုံစံမျိုးစုံပြန်ပြုပြင်ပြီးဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့ပုတီးတွေဟာဆိုရင် တိရိစ္ဆာန်အသေတွေရဲ့ သွား ဦးချိုတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရှေးခေတ်ကြေးပြားတွေကို စီတန်းပြီးခါးပတ် လည်ဆွဲအဖြစ်ဝတ်ဆင်တာမျိုးလည်းရှိပါသေးတယ်။ ဒီကြေးပြားတွေဟာခေတ်အလိုက်တန်ဖိုးကွာခြားပြီးတော့ တစ်ချို့ကြေးပြားတွေဟာဆိုရင် ကာလပေါက်ဈေးအလိုက် တွက်ချက်ရင် မြန်မာကျပ်ငွေရာနဲ့ချီပြီးတန်ဖိုးရှိနေတာဖြစ်ပါတယ်။


