Sheet Mask ကပ်ပြီးရင် လုပ်ဆောင်သင့်တဲ့အရာများ

//s9.kh1.co/70/707c630640890e94bc568b906dca583e52d2cb3c.jpg
MPT Lifestyle

 ၀၈-သြ-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

Sheet Mask ကပ်ပြီးရင် လုပ်ဆောင်သင့်တဲ့အရာများ

တော်တော်များများဟာ Sheet Mask ကပ်ပြီးရင် ဒီအတိုင်းအိပ်လိုက်ကြတာများပါတယ်။ ဒါ့အပြင် မကပ်ခင်မှာလည်း အထူးတလည်ပြင်ဆင်မှုတွေမလုပ်ကြဘဲ ဒီအတိုင်းမျက်နှာသစ်ပြီးတာနှင့်ကပ်လိုက်ကြတာပါ။ ဒါပေမဲ့ Sheet Mask အစွမ်းကိုသေချာရဖို့ဆိုရင် မကပ်ခင်နှင့်ကပ်ပြီးအချိန်တွေမှာကြိုတင်ပြင်ဆင်မှုလေးတွေလုပ်သင့်ပါတယ်။

https://s9.kh1.co/__image/w=563,h=720,q=100/cd/cdd44ab68812163b3d1f3fb1c5112ec644aac251.jpg

ပထမဆုံး Sheet Mask မကပ်ခင်မှာမျက်နှာကိုသေချာသန့်စင်ထားဖို့လိုအပ်ပါတယ်။ Mask ဟာအစိုဓာတ်ပေးဖို့အသုံးပြုတဲ့ပစ္စည်းဖြစ်တာကြောင့် မကပ်ခင်မှာတိုနာလိမ်းပေးခြင်းက အကျိုးအာနိသင်ပိုရှိစေနိုင်မှာပါ။ တိုနာကြောင့် Mask ရဲ့အာနိသင်ပိုရှိလာနိုင်သလို အစိုဓာတ်ကိုလည်းပိုကြာကြာထိန်းထားနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/81/81fd5a2b865890eb976c349a07bcc6070b61ff76.jpg

Mask ကပ်ပြီးသွားနောက်မှာ Moisturizer လိမ်းတာကလည်း လုပ်ဖြစ်ရင် အသားအရေကိုပိုပြီးကောင်းမွန်လာစေနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ အသားအရေအမျိုးအစားပေါ်ကိုလိုက်ပြီးတော့ ဒီအဆင့်တွေကိုမလုပ်လည်းအဆင်ပြေပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အသားအရေအခြေအနေကိုကြည့်ပြီးတော့ အစိုဓာတ်ပိုလိုအပ်နေတယ်ဆိုရင် လုပ်ပေးနိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T