Office Style ကို ထူးထူးခြားခြားဖက်ရှင်ကျအောင်တွဲဖက်ဝတ်ဆင်နည်း

//s9.kh1.co/27/27d0e10436d3f4dd62f261bc1ee2722c8745e900.jpg
MPT Lifestyle

 ၀၈-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

Office Style ကို ထူးထူးခြားခြားဖက်ရှင်ကျအောင်တွဲဖက်ဝတ်ဆင်နည်း

Office Style လို့ပြောတာနှင့် သာမာန်အဖြူရှပ်နှင့်စကပ်အနက်မဟုတ်ဘဲ ပေါ့ပါးပြီးဖက်ရှင်ပါကျတဲ့ပုံစံဖြစ်အောင်ဝတ်ဆင်ဖို့ခက်ခဲတတ်ပါတယ်။ တစ်ကယ်လို့အလုပ်ခွင်က ဝတ်စုံကန့်သတ်ထားခြင်းမရှိဘူးဆိုရင်တော့ အဆင့်မြင့်ပုံပေါ်ပြီးတော့ ကိုယ့်ရဲ့ပုံရိပ်ကိုတစ်ဆင့်မြင့်တက်စေမယ့် Style လေးတွေတွဲဖက်ဝတ်ဆင်လို့ရပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/3d/3d16b83e0d04772d4d01168b08b264413213bb79.jpg

Top ကို လည်ပင်းထောင်ဆွယ်တာအပါးလေးတွေဝတ်ခြင်းဟာ လူကိုပိုပြီးရင့်ကျက်တဲ့ပုံရိပ်ပေါ်စေသလို သူနှင့်တွဲဖက်ဝတ်ရမယ့်အရာကိုတွေးရလွယ်ကူစေပါတယ်။ ဒါ့အပြင် ဆွယ်တာအပါးလေးတွေဟာကောက်ကြောင်းကိုပိုပေါ်စေပြီးတော့ မိန်းကလေးဆန်တဲ့ခံစားချက်ကိုလည်းဖြစ်စေပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/66/666bc2916956c225da931f4d446dcf5434616107.jpg

စကပ်ကိုလည်း Short Skirt လေးတွေထက် အကားစကပ်တွေမဟုတ်ဘဲ Mid ဖြစ်တဲ့စကပ်အရှည်လေးတွေဝတ်ဆင်နိုင်ပါတယ်။ ဒီလိုအတွဲအစပ်ဟာသိပ်မလှလောက်ဘူးလို့ထင်ရပေမဲ့ အတော်လေးလိုက်ဖက်ပြီးတော့ ထူးခြားတဲ့တွဲဖက်မှုဖြစ်ပါတယ်။ အထူးသဖြင့် ဘောင်းဘီရှည်တွေနှင့်ပဲဝတ်လေ့ရှိရာကနေပြောင်းလဲလိုက်ရင် အတော်လေးဆန်းကြယ်ပြီးထူးခြားနေမှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T