မိန်းကလေးဆန်တဲ့ဖက်ရှင်မျိုးကိုသဘောကျတတ်တဲ့ကောင်မလေးတွေအတွက် လုပ်နိုင်မယ့်ဖက်ရှင်လေးတွေကိုပြောပြပေးသွားပါမယ်။ နောက်ပိုင်းမှာတစ်ဖန်ပြန်ပြီးခေတ်စားလာတဲ့ ဘလောက်စ်တွေထဲက ကော်လံအကြီးကြီးတွေပါတဲ့ ဇာဘလောက်စ်တွေဟာပိုပြီးနာမည်ကြီးလာပါတယ်။ ဒါတွေဟာမိန်းမဆန်တဲ့အသွင်အပြင်အတွက်ကွက်တိဖြစ်သလို ဘောင်းဘီရှည် စကပ်အကုန်လုံးနှင့်တွဲဖက်ဝတ်ဆင်နိုင်တာဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=483,h=483,q=100/4c/4c919968daa22104d033ab2244f3dfaf245ecfc1.jpg](https://s9.kh1.co/__image/w=483,h=483,q=100/4c/4c919968daa22104d033ab2244f3dfaf245ecfc1.jpg)
လည်တိုင်မှာဖဲကြိုးတွေပါတဲ့အင်္ကျီတွေကလည်း လုံးဝမိန်းမဆန်တဲ့အငွေ့အသက်ကိုဖန်တီးပေးတဲ့ဒီဇိုင်းတွေဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနှင့်အလားတူ အတွန့်တွေပါတဲ့ Top တွေကလည်း Girly Fashion အတွက်ဆို ထိပ်ဆုံးကနေရွေးချယ်သင့်တဲ့ဖက်ရှင်ပုံစံဖြစ်ပါတယ်။
![https://s9.kh1.co/__image/w=563,h=755,q=100/ad/adf8194a5f34d8dc36d5c7281b7c17dfb0a6ca5c.jpg](https://s9.kh1.co/__image/w=563,h=755,q=100/ad/adf8194a5f34d8dc36d5c7281b7c17dfb0a6ca5c.jpg)
ပန်းပွင့်ပုံတွေပါတဲ့ ဂါဝန်တို ရှည်လေးတွေကလည်း မိန်းကလေးဆန်ကြောင်းလုံးဝဖော်ပြပေးတဲ့ ဖက်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ခါးတို Cardian အပေါ်ထပ်အပါးလေးတွေကလည်းပဲ ဘယ်လို Outfit နှင့်မဆိုအဆင်ပြေပြီး နူးညံ့တဲ့အသွင်အပြင်လေးကိုဖြစ်စေပါတယ်။