ပါဝင်ပစ္စည်းတွေကတော့
ပေါင်မုန့် ၆ချပ်ကြက်ဥ ၃လုံးကြက်သွန်မိတ် ၄ပင်ကြက်အူချောင်း ၃ချောင်းရေညှိ ၂ချပ်မုန်လာဥနီ ၁လုံးဆားသကြားငရုတ်ကောင်းSauceMayonnaise
ကြက်အူချောင်းကို ၂မိနစ်ခန့်ကြော်ထားပါ။ကြက်သွန်မိတ်ကို ပါးပါးလှီး မုန်လာဥနီကို ခြစ်ထားပါ။ကြက်ဥကို ခလောက်ပြီး ကြက်သွန်မိတ် ဥနီ ဆား သကြားငရုတ်ကောင်း ထည့်မွှေထားပါ။ပေါင်မုန့်ကို ဒလိမ့်တုံး(သို့)ပုလင်းနှင့်ပြားအောင်လှိမ့်ထားပါ။ပေါင်မုန့် ၃ချပ်ကို ကြက်ဥထဲအပြားလိုက်နှစ်ပြီး ဆီအနည်းငယ်နှင့်ကြော်ထားပါ။ပေါင်မုန့်လိပ်လုပ်ရန် ပေါင်မုန့်အဖြူကိုခင်းပါ။ရေညှိရွက်ကို ပေါင်မုန့်အရွယ်ညှပ်ပြီးခင်းပါ။ကြော်ထားတဲ့ပေါင်မုန့်ခင်းပါ။ပြီးရင်တော့ ကြက်အူချောင်းထည့်ပြီးလိပ်ပါ။ပေါင်မုန်လိပ်အဆုံးကို လက်မလေးနဲ့ဖိကပ်ပါ။မရရင်တော့ သွားကြားထိုးတံနဲ့ထိုးပါ။ကြက်ဥထဲနှစ်ပြီးထောပတ်နဲ့ဆီ အနည်းငယ်ထည့်ထားတဲ့အိုးထဲသို့ထည့်ပြီးမီးအနေတော်နှင့်ကြော်ပါ။ကြိုက်နှစ်သက်ရာ mayonnaise တို့နှင့်စားသုံးနိုင်ပါတယ်။
ပေါင်မုန့်ကြက်ဥလိပ် လုပ်စားမယ်
MPT Lifestyle
၃၁-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၂ လ က
ပေါင်မုန့်ကြက်ဥလိပ် လုပ်စားမယ်