ကော်ရည်ခေါက်ဆွဲ လုပ်နည်း

//s9.kh1.co/48/48d0a6539bfe4ffea750c51d4814daf3e81544c2.jpg
MPT Lifestyle

 ၃၁-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

ကော်ရည်ခေါက်ဆွဲ လုပ်နည်း

ပါဝင်ပစ္စည်းတွေကတော့ ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သား၊ ကော်မှုန့်၊ ကြက်ဥ၊ မှိုခြောက်၊ ကြွက်နားရွက်မှို၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငါးပိစိမ်းစား၊ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီးတို့ လိုအပ်ပါမယ်။

ကော်ရည်ခေါက်ဆွဲပြုလုပ်ဖို့အတွက် မချက်ခင်တွင် မှိုခြောက်များကို ရေစိမ်ထားပါ။ပြီးလျှင် ကြက်သားကို ရေဆေးသန့်စင်ကာ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆားအနည်းငယ်ထည့်ပြုတ်ထားပါ။ကြက်သားကို ရေကျန်အောင် ပြုတ်ပေးပါ။ပြီးနောက် ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥများ ခလာက်ထားပါ။ ကော်မှုန့်ကို ရေဖျော်ထားပါ။ နူးနေသောကြက်သားများကို အအေးခံပြီး အမျှင်လေးများဖြစ်အောင် ထွင်ထားပါ။ကြက်ပြုတ်ရေ ခပ်နွေးနွေးသာရှိနေချိန်မှာ ကော်ရေကိုရောပါ။ အဲဒါမှ ကော်ရည်ဟာ ပြုတ်ရည်နဲ့ တသားတည်းဖြစ်သွားပါမယ်။ ကော်ရည် အခဲလုံးဝမဖြစ်တော့ပါ။အပူပေးကာဖြေးဖြေးချင်း မွှေနေပါ။ ကြက်သားဖတ်များ၊ မှိုများထည့်လိုက်ပါ။ ကြက်ပြုတ်ရည် ပွက်ပွက်ဆူလာရင် ခလောက်ထားသော ကြက်ဥကို ဖြေးဖြေးချင်းလောင်းထည့်လိုက်ပြီး မွှေထားပေးပါ။ကြက်ဥများကလည်း အမျှင်လေးများဖြစ်လာပါမယ်။ ပြီးမှ ပဲငံပြာရည်များနဲ့ ခရုဆီဆီထည့်လိုက်ပါ။ ပြီးနောက် ဟင်းရည်ပျစ်လာရင် ငရုတ်ကောင်းဖြူးလိုက်ပါ။ကော်ရည်နှင့်တွဲစားတဲ့ အရွက်များဖြစ်တဲ့ ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ကို ရေဆူဆူတွင် ခဏစိမ်ပြီး ရေအေးအေးမှာ ပြန်စိမ်လိုက်ပါ။ အရွက်မညှိုးအောင် မမဲစေရန်အတွက်ဖြစ်ပါတယ်။ အရွက်ပြုတ်တဲ့အခါ ဆားထည့်ပြုတ်ရင်လည်း ရပါတယ်။ငါးပိထောင်းထောင်းဖို့အတွက် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကို မီးကင်ပါ။ ပြီးလျှင် ငါးပိ၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူကိုလည်း မီးကင်ပြီး ထောင်းပေးပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပေးပါ။ကော်ရည်ခေါက်ဆွဲစားဖို့အတွက် ပန်းကန်လုံးထဲသို့ ခေါက်ဆွဲထည့် အရွက်များထည့်ပြီးနောက် ဟင်းရည်ပူပူပျစ်ပျစ်ကိုလောင်းထည့်ပြီး ငါးပိထောင်း စပ်စပ်ဖြင့်အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=238,h=320,q=100/d2/d25ef6401f121924a68a28230db1ffa63c0500b0.jpg
https://s9.kh1.co/__image/w=640,h=476,q=100/ac/ac1d5b52d6734c0422597bbd690861c51ed5eb87.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T