အာလူးပိုးတီ အလွယ်တကူ လုပ်စားကြမယ်

//s9.kh1.co/25/25d65e184c80fab384b3beff1e74e8e3df2f2b52.jpg
MPT Lifestyle

 ၂၂-လိုင်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

အာလူးပိုးတီ အလွယ်တကူ လုပ်စားကြမယ်

အိမ်မှာပဲ အလွယ်တစ်ကူ လုပ်စားလို့ရတဲ့ အာလူးပိုးတီ လုပ်နည်းကတော့ အရင်ဆုံး အာလူးသုံးလုံးလောက်ကို ရည်စင်အောင် ဆေးပါ ပြီးရင်တော့ အာလူးကို အလယ်တည်တည်ကို ဒုတ် နဲ့ ထိုးပါ အာလူးလှီးတဲ့အခါ ပါးပါးလေး ဖြစ်အောင် လှီးနိုင်ရင် ပိုကောင်းပါတယ်

https://s9.kh1.co/__image/w=650,h=342,q=100/72/72599836b4721bfd02a82858d4b64c4b0e75c7d3.jpg

အာလူးလှီးပြီးသွားရင်တော့ မုန့်နှစ် ပြောင်းကော်မုန့် ဆားအနည်းငယ်ကို ထည့်ပြီး ရေနည်းနည်းထည့်ပါ ပြီးရင်တော့ ခဏလောက် မွှေပေးလိုက်ပါ အရောင်လှချင်ရင်တော့ အရောင်တင်မုန့်ကို သုံးပေးရင် ရပါတယ် ပြီးရင်တော့ ပြန်မွှေပေးလိုက်ပါ

https://s9.kh1.co/__image/w=650,h=342,q=100/e6/e6efbc33fcaa2455128197812c34f9541edb8da3.jpg

မုန့်နှစ်လေးကို အားလုံးပေါ်မှာ ဆမ်းပေးလိုက်ပါ ပြီးရင်တော့ ဆီပူပူလေးမှာ ထည့်ပြီးကြော်ပါ ကြွပ်ကြွပ်လေး စားချင်ရင်တော့ ကြာကြာလေး ကြော်ပေးပါ ဒီနည်းလမ်းကတော့ အိမ်မှာ အလွယ်တစ်ကူ လုပ်စားလို့ရတဲ့ အာလူးပိုးတီ လေးပဲ ဖြစ်ပါတယ်

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T