ဆက်ဆံရေးတစ်ခုကိုပေါ့ပေါ့တန်တန်သဘောထားတတ်ကြသူတွေဟာ သူတို့ရဲ့အကျင့်တွေကနေတစ်ဆင့် သိသာနေတဲ့အပြုအမူတွေကိုမြင်တွေ့နိုင်ပါတယ်။ သူတို့ဟာ သင်နှင့်ရှေ့ဆက်ရမဲ့ဘဝကိုတွေးခေါ်ဖူးတာမျိုးမရှိသလို နောင်အနာဂတ်အတွက်အစီအစဥ်တွေကိုလည်းစဥ်းစားလေ့မရှိကြပါဘူး။ သူတို့ရဲ့အနာဂတ်ဘဝအစီအစဥ်တွေမှာတော့ သင်ပါဝင်နေခြင်းမရှိပါဘူး။
အမြဲတမ်းလိင်မှုကိစ္စနှင့် အပျော်အပါးတွေလောက်ကိုပဲအရေးတယူလုပ်နေတာဖြစ်ပါတယ်။ သင့်ရဲ့ဆန္ဒကိုမလေးစားပေးဘဲ သူတို့ဖြစ်ချင်တာကိုအတင်းစေခိုင်းအကြပ်ကိုင်တတ်ကြပါတယ်။ သူ့အနေနှင့်သင့်အပေါ်ချစ်တဲ့စိတ်မရှိတာကြောင့် သင့်ရဲ့လွတ်လပ်ခွင့်နှင့်ပျော်ရွှင်မှုကို ဂရုမစိုက်ဘဲသူလိုချင်တာကိုပဲတွေးတောနေပြီးတော့ အရာရာကိုထိန်းချုပ်ချင်ကြပါတယ်။
ဒီလိုလူတွေဟာ သင့်အတွက် အချစ်ခံရတယ်ဆိုတဲ့ခံစားချက်ကိုမဖြစ်စေတဲ့အပြင် မွန်းကြပ်ပြီးတော့ လွတ်မြောက်ချင်တယ်ဆိုတဲ့ခံစားချက်တွေကိုပဲဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ဘဝအတွက်ကောင်းတဲ့အရာဖြစ်နေရင်တောင်မှ သူ့အတွက်အဆင်မပြေရင်ဖျက်စီးပစ်ဖို့ဝန်မလေးဘဲ လုပ်နိုင်တဲ့သူဖြစ်ပါတယ်။