ကိုယ့်ကိုမုန်းတီးနေတဲ့သူတွေကို ဘယ်လိုဆက်ဆံရမလဲ?

//s9.kh1.co/1d/1d2f3388c761b5bf3afb733faa91ae046202ff43.jpg
MPT Lifestyle

 ၁၇-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၃ လ က

ကိုယ့်ကိုမုန်းတီးနေတဲ့သူတွေကို ဘယ်လိုဆက်ဆံရမလဲ?

လူတွေဟာ ပတ်ဝန်းကျင်နှင့်နေထိုင်ရတဲ့အတွက် ကိုယ့်ကိုမုန်းတဲ့သူ သဘောကျတဲ့သူဆိုပြီးအမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေဟာ ကိုယ်ကရွေးချယ်လို့မရတာကြောင့် ကိုယ့်ကိုမုန်းတဲ့သူတွေကို အမြင်ကြည်လာအောင်ကြိုးစားဖို့မလိုအပ်ပါဘူး။ ဒီလိုလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=564,h=376,q=100/30/30bb2a5914db34b3b574ef8f0249d91e90907b26.jpg

တစ်ယောက်ယောက်ကကိုယ့်ကိုမုန်းတီးရတဲ့အကြောင်းရင်းက ကိုယ့်အမှားကြောင့်ဆိုရင်ပြန်တောင်းပန်ပြီးကြေအေးလို့ရနိုင်ပေမဲ့ ကိုယ့်အမှားမပါဘဲအသားလွတ်မုန်းနေတဲ့သူကိုတော့ တောင်းပန်စရာမလိုပါဘူး။ လူရင်းကမုန်းတီးတာက မနာလိုစိတ်ကြောင့်ဖြစ်နိုင်တာကြောင့် အဲ့လိုလူတွေကိုကိုယ့်ဘဝထဲကနေဖယ်ထုတ်လိုက်ပါ။ သူတို့နှင့်နီးကပ်စေမယ့်နေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဥ်ရပါမယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/1e/1ee398951508ccbe0632dac121d03a1feb07c31a.jpg

ပြီးရင်တော့ သူတို့ကိုဥပက္ခာပြုထားလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲဖြစ်ပါတယ်။  သူတို့လုပ်သမျှအရာတိုင်းကိုအာရုံမစိုက်ဘဲ ကိုယ့်ဘေးမှာရှိတဲ့လူကောင်းတွေနှင့် သူတို့ကြောင့် ကိုယ်ဘယ်လောက်အဆင်ပြေနေကြောင်းကိုပဲ သိအောင်ပြသလိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းဟာသူတို့ရဲ့မုန်းတီးမှုဟာ ကိုယ့်အတွက်ဘာမှမဟုတ်ကြောင်းပြနေတာဖြစ်သလို ကိုယ့်ကိုချစ်ပေးတဲ့သူဘယ်လောက်များကြောင်း သူတို့သိနိုင်ဖို့အတွက်ဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T