Comfort Zone ထဲကနေ ထွက်ဖို့စတင်နည်းများ

//s9.kh1.co/bc/bc72b23119be36109491ffd9e5b48385d48636d8.jpg
MPT Lifestyle

 ၁၇-လိုင်-၂၀၂၄ ၁pm · လွန်ခဲ့သော ၉ လ က

Comfort Zone ထဲကနေ ထွက်ဖို့စတင်နည်းများ

Comfort Zone  ဆိုတာ ကိုယ်သက်တောင့်သက်သာဖြစ်ပြီး ပိတ်မိနေတတ်တဲ့နေရာဖြစ်ပါတယ်။ လူအများစုဟာ ဒီလိုနေရာတွေမှာ အနေကြာသွားရင် တစ်ခြားနေရာတွေကိုထွက်သွားဖို့မစဥ်းစားတော့ဘဲ တစ်သက်လုံးဒီလိုနေရာမှာပဲပိတ်မိသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို Comfront Zone  ထဲကနေ ထွက်စေနိုင်တဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=563,h=729,q=100/e3/e3925d8b0d0b0588f11fb96c8a84064394f29f53.jpg

အရင်ဆုံးမတူညီတဲ့ မရင်းနှီးတဲ့အကြောင်းအရာတွေကိုစတင်စမ်းသပ်ခြင်းက Comfort Zone ကနေထွက်ဖို့လမ်းစပဲဖြစ်ပါတယ်။ အပေါင်းအသင်းအသစ်တွေထားပြီး မတူညီတဲ့လူတွေနှင့် မိတ်ဆက်ခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မသွားဖူးတဲ့ စားသောက်ဆိုင်သွားတာ မတွေ့ဖူးတဲ့လူတွေနှင့်စကားပြောကြည့်တာမျိုးကလည်း Comfort Zone  ကနေရုန်းထွက်မှုကိုကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/ea/eab563b36d0571c730e26fb2a36e6a0957e11c0a.jpg

ဒါ့အပြင် တစ်ခါမှကိုယ်မလုပ်ဖူးတဲ့အရာတွေကို စိန်ခေါ်ကြည့်ခြင်းကလည်း ကိုယ့်ရဲ့မမြင်ရသေးတဲ့ အရည်အချင်းတွေကို ဖော်ထုတ်စေနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ကန့်သတ်ချက်နှင့်ယုံကြည်ချက်တွေကိုပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ ယုံကြည်ချက်တိုးလာရင် Comfort Zone  ထဲကနေထွက်ခွာဖို့ဆိုတာကလည်း ပိုလွယ်ကူသွားပြီးတော့ အလွယ်တကူဖြစ်လာမှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T