စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့ကလေးလေးတွေဖြစ်လာဖို့ မိဘတွေသတိထားသင့်တဲ့အရာများ

//s9.kh1.co/5b/5b44a16f8282408c16e5704bcbf83b81c5e78d25.jpg
MPT Lifestyle

 ၁၆-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၈ လ က

စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့ကလေးလေးတွေဖြစ်လာဖို့ မိဘတွေသတိထားသင့်တဲ့အရာများ

မိဘတွေရဲ့ ကောင်းစေချင်လို့ဆိုတဲ့ ရိုက်နှက်ဆိုဆုံးမမှုတွေဟာ အခန့်မသင့်ရင်ကလေးငယ်ကိုမကောင်းတဲ့သက်ရောက်မှုတွေဖြစ်သွားစေနိုင်ပါတယ်။ သူတို့အနေနှင့်အချစ်မခံရဘူးလို့ခံစားမိသွားနိုင်သလို       ရိုက်နှက်ခြင်းကို ကောင်းမွန်တဲ့အရာတစ်ခုလို့ထင်မှတ်သွားနိုင်ပါတယ်။ ကလေးတွေကိုချစ်ခင်ကြောင်း အမူအယာ လုပ်ဆောင်မှုတွေမပြခြင်းကလည်းအချစ်ငတ်ပြိးတော့ စိတ်အားငယ်သွားစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/43/43ad33dac12d83d591cbbe22ae5712547dc952e0.jpg

ပြီးတော့ ကလေးတွေရှေ့မှာ မိဘတွေရန်ဖြစ်တာ စကားများတာတွေကလည်း ကလေးငယ်ကိုစိတ်မလုံခြုံမှုခံစားရစေပြီး စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။ မိဘတွေရဲ့အနေအထားနှင့်ပုံရိပ်တွေဟာ ကလေးတွေအတွက် သက်ရောက်မှုအများကြီးရှိတာကြောင့် သတိထားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/b9/b9e568578f706de400dc70af76538d6ac7ea678c.jpg

ကလေးတွေကို သူတို့ကိုယ်ပိုင်အမြင်နှင့် သူတို့ရဲ့ဖြစ်တည်မှုကို အတင်းပြောင်းလဲပေးတာကလည်း ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။ ဒီလိုပြောင်းလဲခံလိုက်ရတဲ့ကလေးအများစုဟာ သူတို့ကိုယ်ပိုင်ယုံကြည်ချက်ကို လုံးဝဆုံးရှုံးသွားတတ်ကြပါတယ်။ စိတ်ရောကိုယ်ပါကျန်းမာတဲ့ကလေးတွေကို ပျိုးထောင်နိုင်ဖို့ဆိုရင် ကလေးတွေအနေနှင့် မိဘတွေအနေနှင့်အသေးစိတ်အကြောင်းအရာလေးတွေကအစ သတိထားပြီးဂရုစိုက်ရမှာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T