Possessive Type ဖြစ်တဲ့ချစ်သူတွေရဲ့အပြုအမူများ

//s9.kh1.co/37/376ba88f9e256409eb566d470d60a1cecae32931.jpg
MPT Lifestyle

 ၁၆-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၀ လ က

Possessive Type ဖြစ်တဲ့ချစ်သူတွေရဲ့အပြုအမူများ

ဆက်ဆံရေးမှာ တစ်ဖက်ကိုတစ်ဖက် ပိုင်ဆိုင်လိုစိတ်ဟာအနည်းနှင့်အများရှိနေတတ်ပါတယ်။ ဒါပေမဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းတဲ့ချစ်သူတွေဟာ ကြောက်စရာကောင်းတဲ့အပြုအမူတွေရှိလာတတ်ကြပါတယ်။ Toxic ဖြစ်တဲ့အထိ Possessive ဖြစ်တဲ့ ချစ်သူတွေအကြောင်းကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=563,h=375,q=100/02/023b1019752b2177f3762b13e3f7ee72a88f834f.jpg

အဲ့လိုလူတွေဟာ သင့်အတွက်ကိုယ်ပိုင်ဘဝဆိုတာမရှိစေဘဲ သူတို့လက်ထဲမှာပဲသင့်ဘဝကိုထိန်းချုပ်ထားချင်ကြပါတယ်။ ပိုင်ဆိုင်လိုစိတ်ကြီးလွန်းတာကြောင့် သင့်ရဲ့ဘေးနားကဘယ်သူကိုမဆိုသံသယတွေဝင်ပြီး စည်းမစောင့်ဘဲစွပ်စွဲပြောဆိုတတ်ကြပါတယ်။ မိတ်ပျက်ရတာ အားနာရတာမျိုးဖြစ်နိုင်တယ်ဆိုပြီး အကျိုးအကြောင်းနှင့်တွေးခေါ်နိုင်စွမ်းလည်းမရှိကြပါဘူး။

https://s9.kh1.co/__image/w=564,h=376,q=100/d5/d5afda78b9e5f793a430ba85584135cf367eb220.jpg

အမြဲသံသယဝင်နေတတ်တဲ့သူတို့ဟာ သင့်ပတ်ဝန်းကျင်ကသူတွေဆီ သင့်အကြောင်းကိုလိုက်စုံစမ်းတာ သင့်ရဲ့ဖုန်းကိုခွင့်ပြုချက်မတောင်းဘဲ သူတို့စိတ်ကြိုက်စစ်ဆေးတာမျိုးလုပ်တတ်ကြပါတယ်။ 

လမ်းခွဲရင်ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေနှင့် ဆက်ဆံရေးကိုမပျက်စီးအောင်အတင်းအကြပ်ထိန်းသိမ်းကြပါတယ်။ ဒီလိုစကားတွေဟာ ကြာလာရင် ဒီဆက်ဆံရေးကိုပိုပြီး Toxic ဖြစ်လာစေမှာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T