လိင်တူစိတ်ဝင်စားနေတယ်ဆိုတာကို စစ်ဆေးနိုင်မယ့်နည်းလမ်းများ

//s9.kh1.co/40/40a295aab59eeb8ef6145cb106e5884430a6fac3.jpg
MPT Lifestyle

 ၁၆-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၉ လ က

လိင်တူစိတ်ဝင်စားနေတယ်ဆိုတာကို စစ်ဆေးနိုင်မယ့်နည်းလမ်းများ

LGBT အများစုဟာ ကိုယ်တိုင် LGBT ဖြစ်နေမှန်းမသိခင်ကတည်းက မသိအသာအချက်ပြမှုတွေအကြိုက်တွေရှိနေတတ်ပါတယ်။  ကိုယ်သဘောကျတဲ့မင်းသားမင်းသမီးတွေ၊ ကိုယ့်ဘေးပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေထဲက ကိုယ်သဘောကျတဲ့သူတွေကိုဆန်းစစ်လိုက်ရင် အတိုင်းအတာတစ်ခုအထိ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို သိနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=850,q=100/52/52a8a7f23bdb5f123253c425b8edafca587bb54f.jpg

ကိုယ့်ရဲ့အတိတ်က ဆက်ဆံရေးတွေအကြောင်းကို သေချာပြန်တွေးပါ။ ဥပမာ အတိတ်ကဆက်ဆံရေးတုန်းက ဆက်နွယ်မှု Skinship လိုမျိုးတွေလုပ်ရတဲ့ ခံစားချက်တွေကိုတွေးကြည့်လိုက်ရင် အဖြေထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိုလူနှင့်ကိုယ်တွဲချင်ကြောင်းစိတ်ကူးဖူးတာမျိုးရှိရင် အဲ့စိတ်ကူးတွေကလည်းခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာအကူအညီဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=728,q=100/c1/c1693c7125fdacab666150b465c3b4ba531747a7.jpg

ကိုယ့်ရဲ့ခံစားချက်တွေဟာအမြဲတမ်းရိုးသားတတ်ပါတယ်။ တစ်ကယ်လို့ကိုယ်က ဆန့်ကျင်ဖက်လိင်ဖြစ်သူနှင့်စကားပြောရတာထက် လိင်တူအချင်းချင်းစကားပြောရတာမျိုး ကိုပိုသဘောကျနေပြီဆိုရင်  LGBT Q ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ဒီလိုသဘောကျနေတာဟာ သူငယ်ချင်းလိုသဘောကျတာမျိုးလည်းဖြစ်နေနိုင်တာကြောင့် သေချာဆန်းစစ်ဖို့လိုအပ်ပါတယ်။ ကိုယ်က ဘယ်လိုဖြစ်တည်မှုမျိူးပဲဖြစ်နေပါစေ  လက်ခံလေးစားဖို့လည်းသတိရသင့်ပါတယ်။ ကိုယ်တိုင်ကလေးစားပေးမှပဲ ပတ်ဝန်းကျင်နှင့်တစ်ခြားသူတွေက ကိုယ့်အပေါ်လေးစားမှုပြလာမှာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T