တရားဝင်ကြေညာလိုက်တဲ့ EXO အဖွဲ့ဝင်ဟောင်း Tao နှင့် Xu Yiyang တို့ရဲ့ဆက်ဆံရေး

//s9.kh1.co/87/877968437f1f10022bee01acf057bd49169b0b70.jpg
MPT Korea Celebrity

 ၁၅-လိုင်-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ လ က

တရားဝင်ကြေညာလိုက်တဲ့ EXO အဖွဲ့ဝင်ဟောင်း Tao နှင့် Xu Yiyang တို့ရဲ့ဆက်ဆံရေး

တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသား အဆိုတော် လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Tao ဟာ သူ့ကုမ္မဏီလက်အောက်မှာရှိတဲ့ Xu Yiyang နှင့်ချစ်သူဖြစ်နေကြောင်းတရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။ Yiyang ဟာ Tao နှင့်အတူတူ SM မှာသင်တန်းသားဟောင်းဖြစ်ခဲ့ဖူးပြီးတော့ နှစ်ယောက်သားဟာ ၂၀၁၈ ကတည်းကရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=976,q=100/a5/a50204d2a9da0c13686b3b9b30bc594d26275bbd.webp

နှစ်ယောက်သားရဲ့ တွဲနေတဲ့ကောလဟာလတွေဟာ ၂၀၂၀ လောက်ကတည်းကဆက်တိုက်ထွက်နေခဲ့တာဖြစ်ပါတယ်။ Tao နှင့် Yiyang  တို့ဟာ အမေဖြစ်သူနှင့်စားသောက်ဆိုင်တွေမှာမကြာခဏတွေ့ရတဲ့အပြင် နှစ်ယောက်သားဒိတ်အတူတူလုပ်နေတာတွေကိုလည်း သတင်းတွေမှာမကြာခဏတွေ့ရတာဖြစ်ပါတယ်။ ၂၀၂၁ တုန်းကတော့ နှစ်ယောက်သားဆက်ဆံရေးကိုငြင်းခဲ့ပြီးတော့ နောက်ပိုင်းမှာတော့သတင်းတွေကို တစ်စုံတစ်ရာထုတ်ပြန်တာမျိုးမလုပ်ခဲ့တော့ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/e7/e75bc416a8d14bf3ee0a8229b062b00479341c4b.webp

အတွင်းသူငယ်ချင်းတွေရဲ့အဆိုအရ နှစ်ယောက်သားတွဲကတည်းက Tao ဖက်ကနေပြီး တရားဝင်ချပြပြီးတွဲချင်ပေမဲ့ Yiyang  ဖက်ကနေပြီး Tao ဝေဖန်ခံရမှာကြောင့် မချပြချင်ခဲ့ဘူးလို့ဆိုပါတယ်။ Tao ဖက်ကနေလည်း Yiyang  ကိုလက်ထပ်ဖို့အထိရည်ရွယ်တာကြောင့် အထင်လွဲနေတာတွေပျောက်သွားအောင်အမြန်ဆုံးချပြချင်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ နှစ်ယောက်လုံးဟာ တရားဝင်တွဲလိုက်တာကြောင့် မကြာခင်မှာ မင်္ဂလာသတင်းကြားရနိုင်တယ်လို့ယူဆနေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=976,q=100/a4/a499c24a521aee61e424c1c98f21655590eb2cad.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T