တောင်ကိုးရီးယားရဲ့နာမည်ကြီးအဆိုတော်ဖြစ်တဲ့ PSY ဟာ သူ့ရဲ့ Legend Song ဖြစ်တဲ့ Ganam Style သီချင်းနှင့်နာမည်ကြီးတာဖြစ်ပါတယ်။ တစ်ခြားကိုးရီးယားအဆိုတော်တွေလို ပိန်ပါးပြီးယောကျာ်းဆန်တဲ့ပုံရိပ်မရှိဘဲ ဝဝဖြိုးဖြိုးနှင့် PSY ဟာမကြာသေးခင်ကပုံရိပ်တွေမှာ ကိုယ်အလေးချိန်ကျသွားပုံပေါ်ပြီးမေးရိုးတွေပေါ်လာပြီး ဝိတ်ကျသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုဝိတ်ကျသွားတဲ့ပုံတွေကို ပရိတ်သတ်တွေမြင်တဲ့အခါ PSY ကို ဝိတ်မကျအောင်လုပ်ဖို့ ဆူပူခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဖျော်ဖြေပွဲတွေကျင်းပနေတဲ့ PSY မှာတစ်မင်ဝိတ်ချထားတာမျိုးမဟုတ်ဘဲ ပင်ပန်းမှုနှင့် ခရီးသွားနေရတာတွေကြောင့်ပိန်ကျသွားပုံပေါ်ပါတယ်။ သာမာန်အားဖြင့် အနုပညာရှင်တွေ ဝိတ်ကျသွားရင် ချီးကျုးကြလေ့ရှိပေမဲ့ PSY ကိုတော့ ပရိတ်သတ်တွေကဆူပူခဲ့ကြတာပါ။

PSY ကလည်း အင်စတာဂရမ်ကနေတစ်ဆင့် သူ့အနေနှင့်ဝိတ်ပြန်တက်လာအောင် အများကြီးကြိုးစားပြီးစားသောက်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပရိတ်သတ်တွေနှင့် PSY ကြားထဲကဆက်ဆံရေးဟာတစ်ကယ်ချစ်ဖို့ကောင်းနေတာကြောင့် ဒီအကြောင်းအရာဟာအင်တာနက်မှာလူပြောများနေပါတယ်။