အငိုလွယ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားအကြောင်း

//s9.kh1.co/77/775bbbe31d77cfd99a611ff837c305c96f08c849.jpg
MPT Lifestyle

 ၁၅-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၀ လ က

အငိုလွယ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားအကြောင်း

အငိုလွယ်တတ်သူတွေဟာ အမှန်တော့ သူတို့ခံစားချက်တွေကိုသိုဝှက်မထားဘဲ ပွင့်လင်းတတ်ကြတဲ့သူတွေဖြစ်ပါတယ်။  စိတ်ညစ်စရာစိတ်ဖိစီးစရာကိစ္စတွေရှိရင် သိုဝှက်မထားဘဲ ငိုကြွေးရင်းဖြေဖျောက်လိုက်ကြတာကြောင့် စိတ်ဖိစီးမှုသိပ်မရှိတတ်ကြပါဘူး။ ဒါ့အပြင် ငိုလွယ်သူတွေမှာ သာမာန်လူတွေထက်ပိုမြင့်မားတဲ့ EQ ရှိကြပါတယ်။ အကြောင်းကတော့ သူတို့ဟာသူတို့ခံစားချက်တွေကို ပွင့်လင်းပြီး မထိန်ချန်ထားတတ်တာကြောင့် ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/4e/4e879aa7035ca574ba4e576a0a25c50e38513638.jpg

ဒီလိုလုပ်တတ်တာကြောင့် သူတို့ဟာကိုယ်ချင်းစာစိတ်လည်းမြင့်မားတဲ့သူတွေဖြစ်ပါတယ်။ လူတွေအတွက် မိတ်ဆွေကောင်းတွေဖြစ်ကြပြီးတော့ သူတို့ရဲ့ဘေးနားမှာရှိတဲ့ သူတွေကို သက်တောင့်သက်သာဖြစ်တဲ့ခံစားချက်ကိုပေးနိုင်ကြပါတယ်။ တစ်ဖက်သားရဲ့အခက်အခဲတွေကိုဝေဖန်တာမျိုး သိပ်မလုပ်ကြဘဲ အတော်လေးစာနာပေးနိုင်စွမ်းမြင့်မားကြတဲ့သူတွေပါ။ 

https://s9.kh1.co/__image/w=563,h=402,q=100/fd/fd72ce11d4205ab8b9119e77d3d5567ed83a6645.jpg

သူတို့အတွက်တော့ ဖုံးကွယ်ထားတဲ့မကောင်းတဲ့အဆိုးမြင်စိတ်တွေမရှိသလောက်ဖြစ်ပါတယ်။ ဒါ့ အပြင်တစ်ခြားလူတွေအပေါ်် ကိုလည်းစိတ်ရှင်းရှင်းနှင့်ပဲ ကြည့်မြင်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ကောင်းမွန်ပြီးနူးညံ့တဲ့စိတ်ထားတွေရှိတာကြောင့် ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်တဲ့ပုံရိပ်တွေနှင့်ပဲဆက်ဆံတတ်ကြပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T