မင်းသမီးဂျောင်ယိုမင်းဟာ ဩဂုတ်လအတွင်းမှာ မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်းသတင်းထွက်လာခဲ့ပါတယ်။ မင်းသမီးဟာ အနုပညာရှင်မဟုတ်တဲ့ အမျိုးသားတစ်ယောက်နှင့်မင်္ဂလာဆောင်သွားမှာဖြစ်ပြီးတော့ မင်္ဂလာပွဲကိုနီးစပ်ရာအသိုင်းအဝိုင်းနှင့်ပဲ အကျဥ်းချုံးကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
မင်းသမီးရဲ့အေဂျင်စီဖက်ကနေပြီးလည်း သတင်းကိုအတည်ပြုပေးသွားပြီးတော့ မင်္ဂလာဆောင်တော့မှာဖြစ်ကြောင်းအတည်ပြုပေးသွားပါတယ်။ မင်းသမီးဂျောင်ယိုမင်းဟာ ၂၀၁၂ တုန်းက HolyLand ဒရာမာနှင့်ပွဲဦးထွက်လာတာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Red Balloon Perfect Marriage Ravage အစရှိတဲ့ဒရာမာတွေနှင့်အများကြီးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။
ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် သရုပ်ဆောင်ကောင်းတဲ့မင်းသမီးအဖြစ်ပါနာမည်ကြီးပါတယ်။ သူဟာ မကြာသေးခင်ကထွက်ရှိထားတဲ့ Connection မှာလည်းပါဝင်ထားပြီးတော့ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကိုထုတ်ပြထားတာဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပမယ့်နေရာနှင့်အချိန်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။