Son Ye Jin နှင့် Hyun bin တို့ဟာတောင်ကိုးရီးယားအနုပညာလောကရဲ့နာမည်အကြီးဆုံးအနုပညာရှင်စုံတွဲတွေဖြစ်ကြပါတယ်။ နှစ်ယောက်သားဟာ ဇာတ်ကားအတူတူရိုက်ကူးရင်းကနေချစ်ကျွမ်းဝင်သွားပြီးလက်ထပ်တဲ့အထိ ခရီးရောက်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင် သားလေးတစ်ယောက်ကိုပါပိုင်ဆိုင်ထားပြီးတော့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားကြပါတယ်။
မကြာသေးခင်က အင်တာဗျုးတစ်ခုမှာ မင်းသမီးဆွန်ရဲဂျင်ဖက်ကနေပြီးခင်ပွန်းဖြစ်သူနှင့်ပတ်သက်ပြီး ဘယ်လိုသဘောကျခဲ့ကြောင်းကိုဖြေကြားထားပါတယ်။ သူမဟာ အနုပညာလောကသားအချင်းချင်းအလုပ်လုပ်ရင်းချစ်သွားပြီးလက်ထပ်တာမျိုးကိုမကြိုက်တဲ့သူဖြစ်တာကြောင့် ဟျွန်းဘင်းနှင့်ပတ်သက်ပြီးဘာခံစားချက်မှမရှိခဲ့ပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတွေကနှစ်ယောက်သားဟာ ဆင်တူကြောင်းမကြာခဏပြောလာတာကြောင့် သတိထားမိလာခဲ့ရင်း ဟျွန်းဘင်းရဲ့အကျင့်စရိုက်နှင့်ကိုယ်ရည်ကိုယ်သွေးကိုသဘောကျမိသွားခဲ့ပါတယ်။
အဲ့လိုကနေတစ်ဆင့် နှစ်ယောက်သားဟာအချင်းချင်းရင်းနှီးလာပြီးချစ်သူဖြစ်လာခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မင်းသမီးအတွက် အချစ်ဦးဟာလည်း ဟျွန်းဘင်းပဲဖြစ်ပြီးတော့ ဟျွန်းဘင်းဟာ သူမအတွက်လည်းချောမောပြီးအားကိုးမှီခိုလို့ရတဲ့သူတစ်ယောက်ဖြစ်တယ်လို့ပါအင်တာဗျုးမှာဖြေကြားထားတာဖြစ်ပါတယ်။