စင်ပေါ်မှာ Passion အပြည့်နှင့်ဖျော်ဖြေတတ်တယ်လို့နာမည်ကြီးတဲ့ အိုင်ဒေါများ

//s9.kh1.co/7d/7dd6ae5dbf59a13bbf84e3d6310fa738957250a6.jpg
MPT Korea Celebrity

 ၀၉-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

စင်ပေါ်မှာ Passion အပြည့်နှင့်ဖျော်ဖြေတတ်တယ်လို့နာမည်ကြီးတဲ့ အိုင်ဒေါများ

(၁) Seventeen Dino 

Seventeen အဖွဲ့ရဲ့အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဒီနိုဟာ စင်မြင့်ပေါ်မှာလုံးဝပြောင်းလဲသွားတဲ့အတွက်နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ အဖွဲ့အတွင်းမှာအငယ်ဆုံးဖြစ်ပေမဲ့ တင်ဆက်မှုတွေလုပ်ရင် အစ်ကိုတွေကိုပါသင်ပြပေးနိုင်ပြီးတော့ တင်ဆက်မှုတိုင်းကိုအားသွန်ခွန်စိုက်လုပ်နိုင်တဲ့သူပါ။

https://s9.kh1.co/__image/w=650,h=867,q=100/cb/cb3d970105a49e265acb595585e310f479f6da27.jpg

(2) Twice Jihyo 

အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာနှင့်အညီ ဂျီဟိုဟာ စတိတ်ပေါ်မှာလုံးဝမတူညီတဲ့အသွင်အပြင်နှင့် အကျင့်စရိုက်ရှိတဲ့သူဖြစ်ပါတယ်။ သူမဟာ စင်ပေါ်ကိုရောက်ရင်တစ်ခြားလူတစ်ယောက်လိုမျိုးပြောင်းလဲသွားပြီး အားအပြည့်နှင့်ဖျော်ဖြေတတ်တဲ့သူဖြစ်ပါတယ်။ 

(3) EXO Kai 

အကတော်တယ်လို့ ကေပေါ့ပါတိုင်းအသိအမှတ်ပြုရတဲ့ Kai ဟာ ဖျော်ဖြေမှုတွေမှာစိတ်ရောကိုယ်ပါနှစ်ပြီးလုပ်တတ်တာကြောင့်နာမည်ကြီးပါတယ်။ တစ်ခြားသူတွေနှင့်မတူညီဘဲ စတိတ်ပေါ်ကိုရောက်တာနှင့်သားရဲတစ်ကောင်လိုမျိုးဖြစ်သွားတတ်တဲ့ Kai ကိုတော်တော်များများက အကောင်းဆုံးဖျော်ဖြေတင်ဆက်သူအနေနှင့်ရွေးချယ်ထားကြပါတယ်။

https://s9.kh1.co/__image/w=563,h=564,q=100/08/08c90dcbb0ec70f2940bb9755963ab7db88382c4.jpg

(4) Shinee Taemin 

Taemin ဟာလည်း Kai လိုမျိုးပဲ တင်ဆက်မှုတွေမှာ အားအပြည့်ထည့်ပြီးလုပ်ဆောင်တတ်တာကြောင့်နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ သူ့အနေနှင့် ကေပေါ့ရဲ့အကောင်းဆုံးအကသမားဆိုတဲ့ တင်စားခေါ်ဆိုမှုကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T