Park Bogum နှင့် New Jeans အဖွဲ့ဝင် Danielle တို့ဟာ မကြာသေးခင်က ဂျပန်နိုင်ငံ အိုဆာကာမြို့က Celine ရဲ့ပွဲတစ်ခုကိုတက်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ ဘရန်းရဲ့ကိုယ်စားလှယ်တွေဖြစ်ကြပြီးတော့ ပွဲခင်းအတွင်းက ဖက်ရှင်နှင့်ပုံရိပ်တွေကြောင့် ပရိတ်သတ်တွေကြားမှာအတော်လေးရေပန်းစားသွားခဲ့ပါတယ်။
ပတ်ဘိုဂန်ဟာ ဒီပွဲမှာ အရင်ကသိပ်မတွေ့ဖူးတဲ့ ပုံရိပ်လိုမျိုးဖြစ်တဲ့ Black Suit နှင့်ဦးထုပ်ပါဆောင်းလာတာကြောင့် အတော်လေးကိုအသစ််အဆန်းဖြစ်နေတာပါ။ ဒါ့အပြင် ချောမောတဲ့အသွင်အပြင်ကြောင့်ဖက်ရှင်ဟာပိုပြီးလိုက်ဖက်သလိုဖြစ်နေတာဖြစ်ပါတယ်။ Danielle ကလည်း ဆင်စွယ်ရောင်ဝမ်းဆက်လေးနှင့်မင်းသမီးလေးလိုဖြစ်နေတာပါ။
နှစ်ယောက်လုံးဟာ ဆောင်းလေ့မရှိတဲ့ဦးထုပ်တွေဆောင်းခဲ့ကြတာကြောင့် ထူးခြားပြီးတော့ တော်ဝင်မင်းသားမင်းသမီးလေးလိုမျိုးအသွင်အပြင်ဖြစ်နေကြတာဖြစ်ပါတယ်။ နှစ်ယောက်သားအတူရှိပြီးတော့ အင်တာဗျုးဖြေနေတဲ့ပုံရိပ်တွေကလည်း ကြည့်ကောင်းလွန်းတာကြောင့် Visual Sibling ဆိုပြီးပရိတ်သတ်တွေအကုန်လုံးကတင်စားခေါ်နေကြတာဖြစ်ပါတယ်။