ဉာဏ်ရည်ပိုင်းအရအများကြီးတော်လွန်းတယ်လို့သတ်မှတ်ခံရတဲ့ အိုင်ဒေါများ

//s9.kh1.co/51/51ea31c6ea72737a4a8b774d17a80412b4e4420c.jpg
MPT Korea Celebrity

 ၀၈-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၃ လ က

ဉာဏ်ရည်ပိုင်းအရအများကြီးတော်လွန်းတယ်လို့သတ်မှတ်ခံရတဲ့ အိုင်ဒေါများ

(၁) Day 6 Young K 

Youmg K ဟာလက်ရှိလှုပ်ရှားနေတဲ့အိုင်ဒေါတွေထဲမှာ အတော်လေးဉာဏ်ရည်ထက်မြက်မှုကြောင့်နာမည်ကြီးတဲ့ သူဖြစ်ပါတယ်။ သူဟာ စစ်မှုထမ်းဆောင်တုန်းက တော်ရုံလူလက်မခံဘူးလို့နာမည်ကြီးတဲံ KATUSA  တပ်မှာတာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီတပ်မှာတာဝန်ထမ်းဆောင်ဖို့ဆိုရင် ကြမ်းတမ်းတဲ့စစ်ဆေးချက်တွေအပြင် အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့်ဉာဏ်ရည်တွေကိုပါ အစစ်ဆေးခံရတာဖြစ်ပါတယ်။

(၂) Epik High Tablo 

Epik High အဖွဲ့ရဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Tablo ဟာလည်း စတန်းဖို့ဒ်တက္ကသိုလ်ကနေ စာပေနှင့်ပတ်သက်တဲ့ဘွဲ့ရခဲ့တဲ့သူဖြစ်ပါတယ်။ သူဟာ အိုင်ကျု ၁၇၀ ရှိပြီးတော့ ဒီအဆင့်ဟာ အတော်လေးတွေ့ရခဲတဲ့ဉာဏ်ရည်အဆင့်မှာပါဝင်ပါတယ်။

https://s9.kh1.co/__image/w=564,h=777,q=100/b7/b7683de2b90363bc98afee392831b62a44da06fd.jpg

(၃) EXID Hani 

နာမည်ကြီးမိန်းကလေးအိုင်ဒေါအဖွဲ့ဖြစ်တဲ့ Exid အဖွဲ့ဝင် Hani ဟာလည်း အိုင်ကျု ၁၄၅ ရှိပြီးတော့ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှုကြောင့်နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ သူဟာ အပြည်ပြည်ဆိုင်ရာအင်္ဂလိပ်စာမေးပွဲမှာ အမှတ်ပြည့်နီးပါးရတဲ့အထိဉာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။

(၄) BTS RM

BTS အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ ထူးချွန်တယ်လို့လူသိများတဲ့ RM ဟာလည်း ဉာဏ်ရည် အိုင်ကျူ ၁၄၅ ဝန်းကျင်ရှိနေတဲ့သူဖြစ်ပါတယ်။ RM ဟာသူ့ရဲ့အဓိပ္ပါယ်ပြည့်ဝတဲ့စဥ်းစားတွေးခေါ်မှုနှင့်စကားလုံးတွေအတွက် မကြာခဏဆိုသလို ချီးကျုးခံရတဲ့အိုင်ဒေါတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=706,q=100/6e/6e53506ae4553fa56d168142d4d4a2705f7a7898.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T