ချစ်စရာကောင်းလွန်းတဲ့ရို့စ်နှင့်လီဆာတို့ကြားက ချစ်ခင်မှုများ

//s9.kh1.co/12/12fa1e93b28b14bb1cebbe20b0ef8715122a8c08.jpg
MPT Korea Celebrity

 ၀၈-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ လ က

ချစ်စရာကောင်းလွန်းတဲ့ရို့စ်နှင့်လီဆာတို့ကြားက ချစ်ခင်မှုများ

BlackPink အဖွဲ့ဟာလတ်တလောမှာ တစ်ကိုယ်တော်လှုပ်ရှားမှုတွေကိုဦးစားပေးနေကြတာကြောင့် အဖွဲ့လိုက်လှုပ်ရှားမှုတွေကိုခဏတာရပ်ထားတာဖြစ်ပါတယ်။ တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ဖို့ ကြိုးစားနေကြတဲ့အဖွဲ့ဝင်တွေမှာ လီဆာဟာ Rockstar လို့ခေါ်တဲ့သီချင်းတစ်ပုဒ်ကိုထုတ်ဝေလိုက်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=543,q=100/a4/a46ddd317f989d9c985d1c8079f93b0c68f866d1.jpg

ထိုင်းမှာပဲရိုက်ကူးခဲ့တဲ့ Rockstar Mv ဟာ ပရိတ်သတ်တွေကိုအများကြီးအံ့ဩစေခဲ့ပြီးတော့ စံချိန်မှတ်တမ်းတွေအများကြီးကိုရခဲ့ပါတယ်။ စံချိန်တင်ကြည့်ရှုနှုန်းတွေအပြင် ဂီတဇယားတွေမှာလည်းအတော်လေးနာမည်ကြီးခဲ့တဲ့ လီဆာရဲ့ သီချင်းကို BlackPink အဖွဲ့ဝင်တွေကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့်အားပေးခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=543,q=100/18/184fb1222460369a564ab96b941dcf4aab301953.jpg

ရို့စ်ကတော့ အင်စတာဂရမ်မှာတင်ပေးရုံတင်မကဘဲ လီဆာဆီကိုကိုယ်တိုင်အရောက်လာပြီးတော့ Rockstar Challenge ကိုပါအတူရိုက်ကူးပေးခဲ့တာပဲဖြစ်ပါတယ်။ ရို့စ်ဟာ လီဆာနှင့်တွေ့ဖို့အတွက် LA ကိုရောက်နေတာဖြစ်ပြီးတော့ နှစ်ယောက်သားအတူရှိနေတဲ့ပုံလေးတွေဟာ BlackPink ကိုလွမ်းနေတဲ့ပရိတ်သတ်တွေကိုအများကြီးအလွမ်းပြေစေခဲ့ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T