Waterbomb 2024 မှာအတူပူးပေါင်းဖျော်ဖြေခဲ့ကြတဲ့ Nyeon နှင့် Julie

//s9.kh1.co/b4/b4d706ce92873e5b7110725b1c9e74b4b89f3513.jpg
MPT Korea Celebrity

 ၀၈-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၃ လ က

Waterbomb 2024 မှာအတူပူးပေါင်းဖျော်ဖြေခဲ့ကြတဲ့ Nyeon နှင့် Julie

Twice အဖွဲ့ဝင်နာအွန်းဟာ ဒီနှစ် Waterbomb မှာသူ့ရဲ့သီချင်းတွေနှင့်အတူပါဝင်ဖျော်ဖြေခဲ့ပါတယ်။ အသစ်ထွက်ထားတာဖြစ်တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ထဲက Magic သီချင်းကို Featuring ဆိုပေးတဲ့ Kiss of Life အဖွဲ့ဝင် Julie နှင့်အတူဖျော်ဖြေခဲ့ပါတယ်။ Kiss of Life အဖွဲ့ဟာလည်း ပွဲတော်မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံရတာဖြစ်ပြီးတော့ နာအွန်းနှင့် ဂျူလီတို့နှစ်ယောက်ရဲ့ပူးပေါင်းဖျော်ဖြေမှုဟာ ပရိတ်သတ်တွေကိုအတော်လေးပျော်ရွှင်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/32/325d476d01004828f106d07ae54b70381ac1e137.webp

ဖျော်ဖြေမှုပြီးသွားတဲ့နောက်မှာ ဂျူလီဟာ စီနီယာဖြစ်သူနာအွန်းနှင့်ဖျော်ဖြေရတဲ့အတွေ့အကြုံကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်။ နာအွန်းနှင့်ဖျော်ဖြေရတဲ့အတွေ့အကြုံဟာ သူမအတွက်အကောင်းဆုံးဖြစ်ခဲ့ပြီးတော့ ပွဲတော်မှာပါဝင်တဲ့သူတွေလည်းအများကြီးသဘောကျမှာဖြစ်ကြောင်းပြောထားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/83/8350a22dcd97dc1808b086883d53603bab7c662d.webp

ဒါ့အပြင် ဂျူလီဟာနာအွန်းဆီကနေရခဲ့တဲ့ အဖိုးတန်လက်ဆောင်တစ်ခုကိုလည်း ပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်။ သီချင်းအတူလုပ်ရင်းခင်မင်ခဲ့တဲ့နာအွန်းဟာ ဂျူနီယာဖြစ်တဲ့ ဂျူလီကို Luxury တံဆိပ်ဖြစ်တဲ့ Prada တံဆိပ်အိတ်တစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T