နောက်ဆုံးအနေနှင့်ပွဲဦးထွက်ခွင့်ရခဲ့ကြတဲ့ I-Land 2 ပြိုင်ပွဲဝင်များ

//s9.kh1.co/fb/fbd2adff613ce97fd6d2970634d874aa5b31d9dc.jpg
MPT Korea Celebrity

 ၀၅-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၄ လ က

နောက်ဆုံးအနေနှင့်ပွဲဦးထွက်ခွင့်ရခဲ့ကြတဲ့ I-Land 2 ပြိုင်ပွဲဝင်များ

နာမည်ကြီးအကဲဖြတ်ဒိုင်တွေပါဝင်ပြီးတော့  Teddy လိုမျိုးကမ္ဘာ့အဆင့်မီပရိုဂျုဆာကနေပြီး တာဝန်ယူထုတ်လုပ်ပေးမယ့် I Land 2 ပြိုင်ပွဲဟာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်မှုအပါအဝင် ပရိတ်သတ်တွေရဲ့မဲပေးမှုတွေနှင့် အဖွဲ့ဝင် ၇ ယောက်တိတိပါဝင်တဲ့ မိန်းကလေးအဖွဲ့တစ်ခုကို ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/3c/3c5535aadcc709145ab705ac94e92aed5f277fd2.jpg

ပွဲဦးထွက်ခွင့်အဆင့်တစ်ကိုတော့ ပြိုင်ပွဲတစ်လျှောက်လုံးမှာအတော်လေးထူးချွန်တဲ့ အဆိုအရည်အချင်းနှင့်အကအရည်အချင်းတွေပြခဲ့တဲ့ ချွဲဂျောင်အွန်းကရသွားခဲ့ပါတယ်။ အဆင့် နှစ်ကို နာမည်ကြီးသင်တန်းသားတစ်ယောက်ဖြစ်တဲ့ ဘန်ဂျီမင်းကရသွားပြီးတော့ အဆင့်သုံးကိုတော့ ရှိုးနောက်ပိုင်းတွေမှာ ပြောင်မြောက်တဲ့အဆိုအရည်အချင်းကိုပြလာခဲ့တဲ့ ယွန်းဂျီယွန်းကရသွားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/0b/0b7357abbf4c54e26ff6983f998bcfe7ee14282e.jpg

Ko Ko ရူဆာရန်းအစရှိတဲ့သူတွေရသွားပြီးတော့ နောက်ဆုံးအနေနှင့် ဒိုင်လူကြီးတွေရွေးချယ်တာခံရတဲ့ မိုင်ဟာလည်း အဖွဲ့မှာပါဝင်လာခဲ့ပါတယ်။ နဂိုကြေညာချက်မှာအဖွဲ့ဝင်ခြောက်ယောက်လို့ပဲသတ်မှတ်ထားပေမဲ့ ဒိုင်လူကြီးတွေဖက်ကနေပြီး ဂျောင်ဆယ်ဘီကိုသူမရဲ့စတိတ်စင်ပေါ်ကအရည်အချင်းတွေကြောင့် ထပ်ပြီးထည့်လိုက်တာကြောင့် အဖွဲ့ဝင်ခုနှစ်ယောက်ပါဝင်တဲ့ IZNA ဖြစ်လာတာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T