ပိုပိုပြီးအငြင်းပွားလာကြတဲ့ မင်းသားကင်ဆိုဟွန်နှင့်မင်းသမီးကင်ဂျီဝန်းတို့ရဲ့ ဒိတ်တင်းသတင်း

//s9.kh1.co/bf/bf3d2c68015959cb26038758067f8a5e4c43e332.jpg
MPT Korea Celebrity

 ၀၄-လိုင်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

ပိုပိုပြီးအငြင်းပွားလာကြတဲ့ မင်းသားကင်ဆိုဟွန်နှင့်မင်းသမီးကင်ဂျီဝန်းတို့ရဲ့ ဒိတ်တင်းသတင်း

Queen of Tears Drama နှင့်တွဲဖက်ညီညီသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားကင်ဆိုးဟွန်နှင့် ကင်ဂျီဝန်းတို့ဟာဒရာမာထဲမှာလိုက်ဖက်ညီတာကြောင့် ပြင်ပဘဝမှာပါတစ်ကယ်တွဲနေကြတာလားဆိုတဲ့ထင်မြင်ချက်တွေရှိခဲ့ပါတယ်။ ဒါ့အပြင် မင်းသားဖြစ်သူရဲ့ကိုယ်ရံတော်တစ်ယောက်က မင်းသမီးလေဆိပ်ဆင်းတဲ့နေရာမှာတွေ့ခဲ့တာအပါအဝင် အသုံးပြုတဲ့ကားတွေတူညီနေတာကြောင့် နှစ်ယောက်သားဟာဒိတ်နေကြလောက်ပြီဖြစ်ကြောင်းဝေဖန်မှုတွေရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/fa/fa18281874e9ec182cd07b0956b40abb342251a1.jpg

ဒိတ်တင်းသတင်းမကြာခဏထွက်လာတဲ့အပြင် နှစ်ယောက်သားမှာတူညီတဲ့အဝတ်တွေအသုံးအဆောင်တွေ ခပ်စိတ်စိတ်မြင်နေရတာကြောင့် တစ်ကယ်ဒိတ်နေကြတာလားဆိုပြီး ပရိတ်သတ်တွေကသိချင်နေတာပါ။ မကြာသေးခင်က မင်းသမီးဖက်ကနေပြီး အင်စတာဂရမ်မှာ အနက်ရောင်ဂါဝန်ရှည်နှင့်ပုံလေးပုံရိုက်ပြီးတင်ခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ မင်းသားကလည်း အနက်ရောင် Suit နှင့်ဆင်တူပို့စ်တွေလုပ်ပြီးပုံတင်လာတာကြောင့် Lovestgram လိုမျိုးတင်လာတာလားဆိုတဲ့မေးခွန်းတွေထွက်လာခဲံ့ပါတယ်။

https://s9.kh1.co/__image/w=650,h=923,q=100/4c/4cd9ea0f2772d64603ebe24cf2bb916df1c72215.jpg

ပုံတွေကိုမင်းသားဖက်ကနေပြီးပြန်ဖျက်သွားတာကြောင့် ဒီစွပ်စွဲမှုတွေဟာပိုပြီးများလာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားနှင့် မင်းသမီးရဲ့အေဂျင်စီတွေဖက်ကနေပြီးတော့ ဒီသတင်းတွေကိုအတည်မပြုနိုင်ကြောင်းပဲသတင်းဌာနတွေကိုပြောလာခဲ့ပါတယ်။ ဒီအကြောင်းအရာကြောင့် နှစ်ယောက်သားဟာတစ်ကယ်တွဲနိုင်ချေရှိနေတယ်ဆိုပြီး ပရိတ်သတ်တွေကတော့ ပျော်ရွှင်နေကြပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T