Got7 အဖွဲ့ဝင် Bam Bam ဟာ Girl Generation အဖွဲ့ဝင် ထယ်ယွန်းကို လုံးဝသဘောကျတဲ့ပရိတ်သတ်ဖြစ်ကြောင်း ကေပေါ့ပါတော်တော်များများသိကြပါတယ်။ အိုင်ဒေါဖြစ်သူဟာ သူကိုယ်တိုင်နာမည်ကြီးပြီးအောင်မြင်နေတဲ့အိုင်ဒေါဖြစ်ပေမဲ့ အရင်ကလိုပဲထယ်ယွန်းကိုသဘောကျနေဆဲဖြစ်ပြီး အခုချိန်ထိလည်း မကြာခဏထယ်ယွန်းကိုသဘောကျကြောင်းပြောခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ Bam’s House အပိုင်းတစ်ခုမှာ ဘမ်ဘမ်ကသူ့အနေနှင့်ဘာကြောင့်ထယ်ယွန်းကို Unfollow လုပ်ခဲ့ကြောင်းပြောခဲ့ပါတယ်။ ဘမ်ဘမ်ဟာ သူ့တစ်ကိုယ်တော်ဖျော်ဖြေရေးခရီးစဥ်ရှိနေတာကြောင့် အာရုံစူးစိုက်နိုင်ဖို့ ထယ်ယွန်းကို SNS တွေကနေ ခဏတာ Unfollow ထားကြောင်းပြောခဲ့တာဖြစ်ပါတယ်။

တစ်ကယ်လို့သူ့အနေနှင့်ဒီလိုမလုပ်ထားဘူးဆိုရင် ထယ်ယွန်းရဲ့ လှုပ်ရှားမှုတွေကို ဆက်တိုက်စောင့်ကြည့်မိရင်း သေချာအာရုံမစိုက်နိုင်ဖြစ်ရတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ထယ်ယွန်းဟာ တစ်ခြားအနုပညာရှင်တွေနှင့်အတူ အကချဲလန့်ဗီဒီယိုတွေရိုက်ထားတာကြောင့် သူ့အနေနှင့် အဲ့လိုဗီဒီယိုတွေကိုလိုက်ရှာကြည့်မိရင်း အချိန်ကုန်နေမိတာကြောင့် ခဏတာ Unfollow ထားတာဖြစ်ကြောင်းပြောခဲ့ပါတယ်။