Yoo Quiz on the Blocks မှာပါဝင်သွားမယ့် Billie Eilish

//s9.kh1.co/e0/e092455d0f9025d52a18fbd4f5237ef41f4cc5b2.jpg
MPT Korea Celebrity

 ၀၈-ဇွန်-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

Yoo Quiz on the Blocks မှာပါဝင်သွားမယ့် Billie Eilish

တောင်ကိုးရီးယားရဲ့နာမည်ကြီးရဲ့နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ Yoo Quiz on the Blocks ဟာ နာမည်ကြီးအနုပညာရှင်တွေမဖြစ်မနေလာရောက်ကြတဲ့ရှိုးတစ်ခုဖြစ်ပါတယ်။  တောင်ကိုးရီးယားပြည်တွင်းကနာမည်ကြီးအနုပညာရှင်တွေသာမက နိုင်ငံရပ်ခြားကအနုပညာရှင်တွေပါလာရောက်ကြတဲ့ဒီရှိုးကို  ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Billie Eilish လာရောက်မယ်ဆိုပြီးအတည်ပြုလိုက်တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=317,q=100/12/1277c8f7ad7ec163ec63c3fc521cdf55d8adfa7e.jpg

Billie Eilish ဟာသူ့ရဲ့အသစ်ထွက်တဲ့ စတူဒီယိုအယ်လ်ဘမ် Hit me Hard and Soft ဆိုတဲ့အယ်လ်ဘမ်အတွက်ပရိုမိုရှင်းအနေနှင့်အခုလိုလာရောက်မှာဖြစ်ပါတယ်။ နိုင်ငံ့ MC လို့တင်စားကြတဲ့ ယူဂျယ်ဆော့နှင့် နာမည်ကြီးဖျော်ဖြေရေးသမားဂျိုဆယ်ဟိုတို့ တင်ဆက်နေတဲ့ဒီရှိုးဟာ အရင်တုန်းကလည်းဟောလိဝုဒ်ကမင်းသားမင်းသမီးတွေကိုဧည့်သည်အဖြစ်လက်ခံဖူးတာရှိပါတယ်။

https://s9.kh1.co/__image/w=563,h=846,q=100/f9/f9e0e65d7be0567b915f02a3eb0fe1c493123bcf.jpg

Billie Eilish လာရောက်သွားမှာကိုရှိုးရဲ့ကုမ္မဏီကအတည်ပြုခဲ့ပြီးတော့ ရိုက်ကူးရေးကတော့ ဇွန်လအလယ်လောက်မှာဖြစ်ပါတယ်။ Billie Eilish အနေနှင့် အခုတစ်ကြိမ်ပါလာတာဆိုရင် တောင်ကိုးရီးယားကို သုံးကြိမ်မြောက်လာရောက်တာဖြစ်ပြီးတော့ ၂၀၁၈ နှင့် ၂၀၂၂ တုန်းကလည်းတစ်ခေါက်စီလာရောက်ခဲ့သေးတာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T