မထင်မှတ်ထားလောက်အောင် အရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင် ဆိုရီ

//s9.kh1.co/a8/a80194c496b1f9d3feb58a2fb0927922de7d11d8.jpg
MPT Korea Celebrity

 ၀၇-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၂ လ က

မထင်မှတ်ထားလောက်အောင် အရွယ်ရောက်လာတဲ့ ကလေးသရုပ်ဆောင် ဆိုရီ

တောင်ကိုးရီးယားရဲ့နာမည်ကြီးဒရာမာတွေမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ဖူးတဲ့ ပတ်ဆိုရီဟာ အခုဆိုရင်အတော်လေးအရွယ်ရောက်လာတာဖြစ်ပါတယ်။ Miss Hammurabi  Her Private Life  Do Do Sol Sol Lah Lah So အစရှိတဲ့နာမည်ကြီးဒရာမာတွေမှာ မင်းသမီးရဲ့ငယ်ဘဝအနေနှင့်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ကလေးလေးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင်မှ ပါဝင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=646,q=100/e1/e19f72b41f146808691ee0c649131188fad9aa4b.png

ပတ်ဆိုရီဟာ လတ်တလောမှာထုတ်လွှင့်နေတဲ့ ဒရာမာ The Atypical Family မှာပါဝင်သရုပ်ဆောင်ထားပြီးတော့ ပရိတ်သတ်တွေကသူ့ရဲ့ကြီးပြင်းမှုကိုအံ့ဩနေကြတာဖြစ်ပါတယ်။ ကလေးလေးအရွယ်ကနေ အခုလိုမျိုးမိန်းမပျိုလေးတစ်ယောက်လိုလှလာတဲ့ ဆိုရီကို ပရိတ်သတ်တွေကအတော်လေးသဘောကျနေပြီးတော့ လက်ရှိဒရာမာထဲကဇာတ်ကောင်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ချီးကျုးခံနေရပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/cc/cc43e9867b155fb8dfe24bcbc9ec164adf8ccc62.jpg

ဒါ့အပြင် ဒရာမာအတွင်းမှာထည့်ထားတဲ့ ဆိုရီရဲ့ Loveline ကိုလည်း ပရိတ်သတ်တော်တော်များများသဘောကျကြပြီးတော့ အားပေးနေကြတာဖြစ်ပါတယ်။ ဆိုရီနှင့်အတူသရုပ်ဆောင်တဲ့ မင်းသားကလည်း ကလေးသရုပ်ဆောင်ဘဝကတည်းကအတူတွဲသရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီးတော့ အခုချိန်မှာဆိုရီလိုပဲ အတော်လေးကြီးပြင်းလာခဲ့ပြီဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ကြီးပြင်းမှုနှင့် Loveline ဟာပရိတ်သတ်တွေကိုအတော်လေးဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/a7/a788445bbf27d79116f81c7caeb768ac73beb2d9.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T