KAIST ကျောင်းမှာပါမောက္ခအဖြစ်ပို့ချမှုလုပ်သွားမယ့် G Dragon

//s9.kh1.co/b4/b44c32a21c4a4518516b315f4d6cf44368b9bea3.jpg
MPT Korea Celebrity

 ၀၆-ဇွန်-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

KAIST ကျောင်းမှာပါမောက္ခအဖြစ်ပို့ချမှုလုပ်သွားမယ့် G Dragon

G Dragon ဟာ Big Bang အဖွဲ့ဝင်တစ်ယောက်အနေနှင့်ရော တစ်ကိုယ်တော်အနုပညာရှင်အနေနှင့်ပါ အများကြီးနာမည်ကြီးအောင်မြင်နေတဲ့သူဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်အဖြစ်အောင်မြင်မှုတွေအပြင် သူ့ကိုယ်ပိုင်ဘရန်းတစ်ခုကိုပါတည်ထောင်ပြီးတော့ ထိပ်တန်းဇိမ်ခံဘရန်းတွေအများကြီးနှင့်လက်တွဲလုပ်ကိုင်နေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=905,q=100/0f/0fcfefd6cb8fc0bc9b879f13e0e2ae342a195602.webp

GD ဟာ စစ်မှုထမ်းဆောင်ပြီးနောက်မှာ အိုင်ဒေါအနေနှင့်တစ်ခြားအနုပညာလှုပ်ရှားမှုထပ်လုပ်တာမျိုးမရှိတော့ဘဲ ခဏတာအနုပညာအလုပ်တွေကိုရပ်နားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်နှစ်ခုစာလက်တွဲလာတဲ့ YG နှင့်လည်းလမ်းခွဲပြီး ကုမ္မဏီအသစ်နှင့်ပါလက်တွဲခဲ့သေးတာဖြစ်ပါတယ်။ မကြာခင်မှာ Comeback လုပ်မယ်လို့ကြေညာထားတဲ့ GD ဟာနည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်တဲ့ အလုပ်တွေကိုလုပ်ကိုင်နေပုံပေါ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1152,q=100/04/04c9ce04e08ae8e2f513383020c0de62d178c1a7.webp

ဒီတစ်ခေါက်မှာတော့ GD ဟာ တောင်ကိုးရီးယားရဲ့နာမည်အကြီးဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ KAIST မှာပရော်ဖက်ဆာတစ်ယောက်အနေနှင့်ပို့ချမှုလုပ်သွားမှာဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ GD ကိုယ်တိုင်ကလည်း အင်စတာဂရမ်ကနေတစ်ဆင့်တက္ကသိုလ်အင်္ကျီကိုတင်ခဲ့ပါသေးတယ်။ ဘယ်ဘာသာရပ်နှင့်ဘယ်အကြောင်းအရာကိုပို့ချသွားမယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T