မျက်နှာသစ်ဖို့ဟာ မျက်နှာအသားအရေသန့်ရှင်းရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။ မိတ်ကပ်တွေလိမ်းတဲ့နေ့လိုမျိုးဆို မဖြစ်မနေမျက်နှာသစ်ပေးရပါမယ်။ လက်နှင့်မျက်နှာကိုမကြာခဏသွားထိတာမျိုးကလည်း အသားအရေပြဿနာအများစုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။

နေလောင်ကာခရမ်ခ်လိမ်းခြင်းကလည်း အသားအရေပြဿနာတော်တော်များများကိုကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာအသုံးပြုတဲ့အလှကုန်ပစ္စည်းတွေနှင့် မျက်နှာသုတ်ပုဝါလိုမျိုးတွေကိုလည်း သေချာသန့်ရှင်းထားဖို့လိုအပ်ပါတယ်။ မျက်နှာသုတ်ပုဝါတွေအစား တစ်ခါသုံးတစ်ရှူးတွေလိုမျိုးကိုသုံးခြင်းက မျက်နှာကိုပိုပြီးသန့်ရှင်းစေနိုင်ပါတယ်။

အိပ်ရာခင်းနှင့်ခေါင်းအုံးစွပ်တွေကလည်း မျက်နှာနှင့်တိုက်ရိုက်ထိတွေ့နေရတဲ့အရာတွေဖြစ်တာကြောင့် သန့်ရှင်းဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ခေါင်းအုံးစွပ်ကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးပြီးလဲလှယ်ပေးသင့်ပါတယ်။ ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ခြင်းကလည်း ဝက်ခြံတွေအလွယ်တကူမထွက်လာအောင်ကူညီပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
