နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ELLE ကနေပြီး Coachella မှာဖျော်ဖြေသင့်တယ်လို့ ယူဆထားတဲ့ပွဲဦးထွက်စအဖွဲ့တွေစာရင်းကိုချပြလာခဲ့ပါတယ်။ ဒီစာရင်းမှာ ပွဲဦးထွက်စပဲရှိသေးတဲ့အဖွဲ့တွေပါနေသလို ၂၀၂၃ လောက်ကပွဲဦးထွက်ထားတဲ့အဖွဲ့တွေလည်းပါဝင်ပါတယ်။ အဖွဲ့စာရင်းတွေကတော့
1. BABYMONSTER
2. RIIZE
3. TWS
4. 82MAJOR
5. ZEROBASEONE
6. BOYNEXTDOOR
7. KISS OF LIFE
8. Loossemble
တို့ဖြစ်ပါတယ်။ ဒီအဖွဲ့ရှစ်ဖွဲ့ဟာ လတ်တလောမျိုးဆက်မှာနာမည်အကြီးဆုံးအဖွဲ့တွေဖြစ်သလို အောင်မြင်မှုနှင့်ပရိတ်သတ်လည်း အတော်အသင့်ရှိတာကြောင့် အခုလိုစာရင်းထဲမှာပါဝင်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့အဖွဲ့တွေဟာ ထုတ်ဝေထားတဲ့သီချင်းအပုဒ်ရေနည်းပါးလွန်းတာအပါအဝင် ပွဲတော်ကိုဖျော်ဖြေရလောက်တဲ့အထိ အသက်မပြည့်သေးတဲ့အဖွဲ့ဝင်တွေလည်းပါနေတာဖြစ်ပါတယ်။