ပရိတ်သတ်တွေရှေ့ကို ပြန်ရောက်လာတဲ့မင်းသမီး ဆောရဲဂျီ

//s9.kh1.co/fc/fc8a631a3a3ec5cad21dae6b8880f3ac9e6a332b.jpg
MPT Korea Celebrity

 ၁၈-မေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၂ လ က

ပရိတ်သတ်တွေရှေ့ကို ပြန်ရောက်လာတဲ့မင်းသမီး ဆောရဲဂျီ

မင်းသမီးဆောရဲဂျီဟာနာမည်ကြီးဇာတ်ကားတွေအများကြီးကို နာမည်ကြီးမင်းသားတွေနှင့်တွဲဖက်ရိုက်ကူးဖူးတဲ့သူဖြစ်ပါတယ်။ ထိပ်တန်းမင်းသားကင်ဆိုဟျွန်းတို့လိုမင်းသားတွေနဲ့ပါတွဲဖက်ဖူးတဲ့သူမဟာ အနိုင်ကျင့်မှုနှင့် ရည်းစားဟောင်းမင်းသားနှင့်ပတ်သက်ပြီးပြဿနာတွေဖြစ်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/88/8869edf9b5499a73bffd853301d67fc768e96c75.webp

သူ့ရည်းစားဖြစ်တဲ့မင်းသားနှင့်အတူရိုက်တဲ့မင်းသမီးကိုပြဿနာရှာတာတွေအပါအဝင် ဝန်ထမ်းတွေကိုပါအနိုင်ကျင့်တယ်ဆိုပြီးသတင်းတွေထွက်လာတာကြောင့် အနုပညာလောကကနေအနားယူခဲ့ရပြီး ဆိုရှယ်မီဒီယာမှာပါပျောက်ကွယ်သွားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=918,q=100/c4/c4cdc857c2d61bc3239b6a2179f0df99c4aa9203.jpg

သရုပ်ဆောင်ကောင်းတဲ့အပြင် နာမည်ကြီးနေချိန်မှာ အခုလိုပြဿနာတွေပေါ်လာပြီးပျောက်ကွယ်သွားရတာကြောင့် ပရိတ်သတ်တွေဟာ ဆောရဲဂျီကိုအတော်လေးစိတ်ပူခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သူမဟာ တစ်ဖြေးဖြေးနှင့်ပရိတ်သတ်တွေကြားမှာပေါ်လာပြီးတော့ အင်စတာဂရမ်မှာလည်းပုံတွေပြန်တင်လာခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ မင်းသမီးအနေနှင့် အခုလိုပြန်လာဖို့ပြင်ဆင်နေတာကိုကြိုဆိုပြီး ပျော်ရွှင်နေကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/13/1326ebf132f3fabfa97d87a99c5463a579f2306a.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T