ပွဲဦးထွက်တာမကြာသေးတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ILLIT အဖွဲ့ဟာ ကူးချမှုပြဿနာတွေအများကြီးနှင့်မကြာခဏတွေ့နေရတာဖြစ်ပါတယ်။ ပွဲဦးထွက်ကတည်းက စီနီယာဖြစ်တဲ့ NewJeans အဖွဲ့ကိုကူးချတယ်ဆိုပြီးနာမည်ကြီးနေတဲ့အဖွဲ့ဟာ အကပိုင်းနှင့် Concept ပိုင်းတွေမှာပါ ကူးချတယ်ဆိုပြီး ပြဿနာတက်နေတာဖြစ်ပါတယ်။

အစောပိုင်းတုန်းက အဖွဲ့ဟာ အနောက်တိုင်းအကဆရာတစ်ယောက်ရဲ့ကကွက်တွေကိုကူးချပြီးကထားတာကြောင့် ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာလည်း ILLIT ဟာကူးချမှုကြောင့်ပဲထပ်ပြီး အပြောခံရပြန်တာဖြစ်ပါတယ်။ New Jeans အဖွဲ့ရဲ့ ကြော်ငြာဗီဒီယိုအက ဟာ အဖွဲ့ရဲ့သီချင်းအသစ်မှာပါဝင်လာတာဖြစ်ပါတယ်။

အကဟာဆင်တူလွန်းတာကြောင့် နယူးဂျင်းရဲ့ အကဒါရိုက်တာကနေပြီး သူ့ရဲ့အင်စတာဂရမ်ကနေတစ်ဆင့် Myday တင်ပြီးပြောလာခဲ့တာပါ။ ကြော်ငြာဗီဒီယို အကကိုပါ ကူးချနေတော့တာပဲဆိုပြီးတင်ထားတဲ့စတိုရီဟာ ကေပေါ့ပရိတ်သတ်တွေကြားမှာ လူပြောများနေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး ကုမ္မဏီဖက်ကနေတစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။