Lovely Runner ဇာတ်ကားကိုငြင်းခဲ့ကြတဲ့မင်းသားတွေလို့သတင်းထွက်နေတဲ့သူများ

//s9.kh1.co/b2/b2f6d32e37f8358979a9f7fcf5354b5c996d3ab6.jpg
MPT Korea Celebrity

 ၁၄-မေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၂ လ က

Lovely Runner ဇာတ်ကားကိုငြင်းခဲ့ကြတဲ့မင်းသားတွေလို့သတင်းထွက်နေတဲ့သူများ

Lovely Runner ဟာလတ်တလောမှာ အတော်လေး Hit ဖြစ်နေတဲ့ဒရာမာဖြစ်ပါတယ်။ မင်းသားနှင့်မင်းသမီးရဲ့တွဲဖက်ညီမှုအပြင် ဇာတ်လမ်းပုံစံနှင့်မြှပ်ကွက်တွေကြောင့်လည်း တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီးလူကြိုက်များလာတဲ့ဒရာမာဖြစ်ပါတယ်။ မင်းသမီးကင်ဟေးယွန်းနှင့် မင်းသားဗြောင်ဝူဆော့တို့ပါဝင်ထားတဲ့ ဒီဒရာမာဟာ မင်းသားနေရာရှာမရတာကြောင့် ရိုက်ကူးဖို့အချိန်အတော်ကြာခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/de/de43220e3b478ffa4f27701a336befdf32664f91.jpg

ဇာတ်လမ်းဟာ အိုင်ဒေါဖြစ်သူနှင့် ပရိတ်သတ်ဖြစ်သူတို့ချစ်ကြိုက်သွားကြတဲ့ပုံမျိုးဖြစ်တာကြောင့် အိုင်ဒေါသရုပ်ဆောင်တော်တော်များများကရိုက်ကူးဖို့ငြင်းပယ်ခဲ့ကြတယ်လို့သိရပါတယ်။ ဇာတ်လမ်းကိုငြင်းခဲ့တယ်လို့သတင်းထွက်လာတဲ့မင်းသားတွေကတော့ ချာအန်ဝူး   မွန်ဆန်မင်း အစရှိတဲ့ မင်းသားတွေဖြစ်ပါတယ်။ ဒီမင်းသားတွေဟာ ဇာတ်လမ်းမကြိုက်တာ ဒါမှမဟုတ် တစ်ခြားအချိန်ဇယားတွေနှင့်ညှိလို့မရတာမျိုးကြောင့် အခုလိုငြင်းခဲ့ကြတာပါ၊

https://s9.kh1.co/__image/w=650,h=975,q=100/a4/a4c71a82c04151517b0618613f03b015504146ce.jpg

မင်းသားဗြောင်ဝူဆော့ကတော့ ဇာ်တ်လမ်းကိုလက်ခံရိုက်ကူးခဲ့ပြီး ဒီဒရာမာဟာ သူ့ရဲ့ပထမဦးဆုံးသာခေါင်းဆောင်မင်းသားဒရာမာဖြစ်လာပါတယ်။ ဒါ့အပြင် မျှော်လင့်ထားတဲ့အတိုင်းအတာကိုကျော်လွန်ပြီးတော့ အောင်မြင်မှုတွေလည်းအများကြီးရခဲ့တာကြောင့် ဗြောင်ဝူဆော့အတွက်တော့ အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T